ဆိုးရွားသော ရာသီအစများအတွက် ဆင်ခြေများပေးနေမည်မဟုတ်ကြောင်း မန်ယူနည်းပြ ပြော
Pika (NSS) - အောက်တိုဘာ ၄
မန်ယူအသင်းသည် ၎င်းတို့၏ ဆိုးရွားသော ရာသီအစများအတွက် အကြောင်းပြချက်များပေးနေမည်မဟုတ်ကြောင်း နည်းပြတန်ဟက်က ဝန်ခံပြောခဲ့သည်။
မန်ယူအသင်းသည် ရာသီအစတွင် ပြိုင်ပွဲစုံ(၆)ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏ အလုပ်နှင့်ပတ်သက်ပြီး စိုးရိမ်မှုရှိသလား ဟု မေးမြန်းခံရချိန်တွင် မန်ယူနည်းပြတန်ဟက်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် အောက်တိုဘာလ(၃)ရက် ညက Galatasaray အသင်းနှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်ကို (၃)ဂိုး-(၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်းလည်း သိရသည်။
မန်ယူအသင်းသည် ဆိုးရွားသော ရာသီအစများရှိနေသော်လည်း အကောင်းဆုံးပုံစံဖြင့် ဆက်လက်ကစားနိုင်ရန် အတွက် အသင်းကစားသမားများအနေဖြင့် စည်းလုံးညီညွတ်မှုများရှိရန် လိုအပ်ကြောင်း တန်ဟက်က အခိုင်အမာပြောခဲ့သည်။
တန်ဟက်က "ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့မျှော်လင့်ထားတာထက် အများကြီးပိုကောင်းအောင် ကစားနိုင်ခဲ့ကြပါ တယ်။ ဒါပေမယ့် ဒီနှစ်နဲ့ယှဉ်ရင်တော့ ကွာဟချက်တွေ ရှိနေမယ်ဆိုတာ ကျွန်တော်တို့ အားလုံးလည်း သိပါတယ်။ ဒီအချိန်မှာ အရမ်းခက်ခဲတဲ့ကာလတစ်ခုကိုရောက်နေပေမယ့် ဒီအခက်အခဲကနေ ရုန်းထွက်နိုင်ဖို့ ကျွန််တော်တို့ အားလုံးကြိုးစားနေတာ လူတိုင်းတွေ့မြင်ကြမှာပါ။ ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းအောင်လုပ်ရမယ်ဆိုတာ သိပါတယ်။ ဒီလိုဆိုးရွားတဲ့ရာသီအစတွေနဲ့ပတ်သက်ပြီးတော့ ဆင်ခြေတွေပေးမှာ မဟုတ်ပါဘူး။ အရေးအကြီးဆုံး အချက်ကတော့ ကျွန်တော်တို့ ပိုကောင်းအောင်ကစားဖို့ လိုတယ်ဆိုတာရယ် နိုင်အောင်ကစားဖို့ လိုတယ်ဆိုတာ ရယ်ပါပဲ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းကနေ အမေရိကန်နဲ့ ပြင်သစ်ကုမ္ပဏီတို့ထွက်သွားပေမယ့် ထိုင်းစွမ်းအင်ကုမ္ပဏီက သက်တမ်းတိုးချဲ့လုပ်ကိုင်ဖို့ စီစဉ်နေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း