ယူကရိန်းတပ်သားများကို လေ့ကျင့်သင်ကြားပေးရန်အတွက် တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည့် အစီအစဉ်မျိုး မရှိ သေးကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထုတ်ဖော်ပြောဆို
Pika (NSS) - အောက်တိုဘာ ၂
ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးရန်အတွက် ဗြိတိန်တပ်ဖွဲ့ဝင်များ ယူကရိန်းသို့ စေလွှတ်သွားမည့်အစီအစဉ်မျိုးမရှိသေးကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဆူနက် က ထုတ်ဖော်ပြောခဲ့သည်။
ယူကရိန်းတပ်ဖွဲ့ဝင်များကို စစ်သင်တန်းပို့ချပေးရန်အတွက် ယူကရိန်းနိုင်ငံတွင်းသို့ ဗြိတိန်တပ်ဖွဲ့ဝင်များကို စေလွှတ်သွားရန် စီစဉ်နေကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးး Grant Shapps က ပြောကြားခဲ့ပြီးနောက် ဆူနက်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဗြိတိန်နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများသည် ရုရှား-ယူကရိန်းပဋိပက္ခကို တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းမျိုးမှ ရှောင်ရှားရန် ကြိုးပမ်းမှုအဖြစ် ယူကရိန်းတွင် ၎င်းတို့၏ စစ်သားများကို တရားဝင်ဖြန့်ကျက်ချထားခြင်းမျိုး မရှိသေး ကြောင်း သိရသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး Grant Shapps က ၎င်းသည် ယူကရိန်းတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားမှုများ လုပ်ဆောင်ပေးနိုင်ရန်အတွက် ယူကရိန်းနိုင်ငံတွင်းသို့ ဗြိတိန်တပ်သားများကို စေလွှတ်ချင်ကြောင်းနှင့် ဗြိတိန် (သို့မဟုတ်) အနောက်အုပ်စုနိုင်ငံများတွင်ရှိသော ယူကရိန်းတပ်ဖွဲ့များကို စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ပေးလို ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး Grant Shapps ၏ ပြောဆိုချက်များ ထွက်ပေါ်လာပြီးနောက် နာရီပိုင်းအကြာတွင် ဝန်ကြီးချုပ်ဆူနက်က ယူကရိန်းနိုင်ငံအတွင်းသို့ ဗြိတိန်တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည့် အစီအစဉ်မျိုးမရှိသေး ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဆူနက်က "ယူကရိန်းမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ပေးမယ်ဆိုတဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးး Grant Shapps ရဲ့ ပြောဆိုချက်တွေဟာ လာမယ့်အနာဂတ်မှာတော့ ဖြစ်ကောင်းဖြစ်လာနိုင်မှာပါ။ ဒါပေမယ့် ဒါက အချိန်အတော်ကြာ နိုင်မယ့်ကိစ္စတစ်ခုပါ။ လက်ရှိပဋိပက္ခအတွင်းမှာတော့ ယူကရိန်းကို ဗြိတိန်တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားတာမျိုး တော့ ရှိမှာ မဟုတ်ပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခြေဖဝါးဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသပြီးပါက အချိန်(၃)လခန့် အနားယူရနိုင်ဖွယ်ရှိနေတဲ့ မန်ယူ နောက်တန်းကစားသမား မာတီနက်ဇ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ