ခြေဖဝါးဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသပြီးပါက အချိန်(၃)လခန့် အနားယူရနိုင်ဖွယ်ရှိနေတဲ့ မန်ယူ နောက်တန်းကစားသမား မာတီနက်ဇ်
Pika (NSS) - အောက်တိုဘာ ၂
မန်ယူအသင်းနောက်တန်းကစားသမား မာတီနက်ဇ်သည် ၎င်း၏ ခြေဖဝါးဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသမှု များ လုပ်ဆောင်ရမည်ဖြစ်ပြီး လာမည့်နှစ်အထိ မန်ယူအသင်းပွဲစဉ်များတွင် ပါဝင် မကစားရနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
မာတီနက်ဇ်သည် ခြေဖဝါးဒဏ်ရာကို ခွဲစိတ်ကုသမှုများခံယူပြီးလျှင် အချိန်(၃)လခန့် အနားယူရမည်ဖြစ်ကြောင်းလည်း သိရသည်။ မာတီနက်ဇ်သည် ပြီးခဲ့သည့် ဧပြီလက ဆီဗီလာအသင်းနှင့်ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင် ရရှိခဲ့သည့် ညာဖက်ခြေဖဝါးဒဏ်ရာကို ပထမအကြိမ် ခွဲစိတ်ကုသပြီးနောက် ၂ဝ၂၂-၂ဝ၂၃ ပရီးမီးယားလိဂ်ရာသီတွင် (၂)လနီးပါးကြာ အနားယူခဲ့ရကြောင်းလည်း သိရသည်။
မာတီနက်ဇ်သည် မန်ယူအသင်း၏ ရာသီကြိုပွဲစဉ်များတွင် ပြန်လည်ပါဝင်ကစားခဲ့သော်လည်း အာဆင်နယ် အသင်းကို (၃)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် စက်တင်ဘာလ(၃)ရက်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် ဒဏ်ရာ က ပြန်နာလာသောကြောင့် လူစားလဲခဲ့ရကြောင်း သိရသည်။
မာတီနက်ဇ်သည် ဘရိုက်တန်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲနှင့် ဘိုင်ယန်မြူးနစ်အသင်း နှင့် ကစားခဲ့ သော ချန်ပီယံလိဂ်ပွဲစဉ်တို့တွင် ပြန်လည်ကစားခဲ့ပြီးနောက် ခြေဖဝါးဒဏ်ရာက ပိုဆိုးလာခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း မာတီနက်ဇ်၏ ညာဖက်ခြေဖဝါးဒဏ်ရာကို ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဒုတိယကြိမ် ခွဲစိတ်ကုသမှုလုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု မန်ယူအသင်းဆေးအဖွဲ့က ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၂ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း