အမေရိကန်လက်ဝှေ့သမားကို အလဲထိုးအနိုင်ယူနိုင်ခဲ့တဲ့ မြန်မာလက်ဝှေ့သမား စောထူးအောင်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂
မြန်မာလက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ စောထူးအောင်ဟာ စက်တင်ဘာလ ၃၀ ရက်က ထိုင်းနိုင်ငံဖူးခက်မြို့မှာယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ Fight Circus 8 ပွဲစဉ်မှာ အမေရိကန်နိုင်ငံသား လက်ဝှေ့သမားတစ်ဦးကို သုံးချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့အနိုင်ယူနိုင်ခဲ့ကြောင်းသိရပါတယ်။
မြန်မာလက်ဝှေ့သမား စောထူးအောင် နဲ့ အမေရိကန် လက်ဝှေ့သမား အန်ဒရူး ကာပူရိုတို့ ပွဲစဉ်ကို WLC စည်းမျဉ်း အတိုင်းထိုးသတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးအကြိတ်အနှယ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး စောထူးအောင်က သုံးချီမြောက်မှာ ခေါင်းနဲ့တိုက်ကာ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်လက်ဝှေ့သမား အန်ဒရူးဟာ ပထမအချီမှာ တိုက်စစ်ဖွင့်ထိုးသတ်ခဲ့ပြီး ခြေကန်အားကိုအဓိကထားအသုံးပြုကာ စောထူးအောင်ကိုဖိအားပေးခဲ့ရာ စောထူးအောင်က ခံစစ်အသွင် နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရပါတယ်။
ဒုတိယအချီမှာလည်း အမေရိကန်လက်ဝှေ့သမား အန်ဒရူးကိုခြေကန်အားတွေနဲ့ ဖိအားပေးခဲ့သလို စောထူးအောင်က လက်သီးအားကို အသုံးပြုကာ တုံ့ပြန်ရင်ဆိုင်ခဲ့ပါတယ်။ တတိယအချီမှာတော့ စောထူးအောင်ဟာ အမေရိကန်နိုင်ငံသား အန်ဒရူးကို လက်သီးအားပြုပြီး ဖိအားပေးထိုးသတ်ခဲ့ရာ အမေရိကန်လက်ဝှေ့သမား အန်ဒရူး အထိမနာအောင် ကာကွယ်ခဲ့ပေမယ့် တတိယအချီ ၂ မိနစ်ကျော်မှာ တော့ စောထူးအောင်ရဲ့လက်သီးထိုးချက်တွေ၊ ခေါင်းတိုက်ချက်တွေကြောင့် အမေရိကန်နိုင်ငံသား အန်ဒရူးအရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသက် ၂၄နှစ်အရွယ်ရှိ စောထူးအောင်ဟာ ပြည်တွင်းလက်ဝှေ့ပွဲစဉ်များသာမက ထိုင်းနိုင်ငံအခြေစိုက် လက်ဝှေ့ပွဲစဉ်များကိုပါဝင်ယှဉ်ပြိုင်နေပြီး ရလဒ်ကောင်းတွေရယူနိုင်ခဲ့သူဖြစ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာ၌ ပြစ်မှုကျူးလွန်သူများကို ပြေးစရာမြေမရှိသည်အထိ တရားခံများကို နာရီမဆိုင်းဘဲ ဖော်ထုတ်ရန် ရဲတပ်ဖွဲ့ကို ဒုတပ်ချုပ် တိုက်တွန်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း