တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာ၌ ပြစ်မှုကျူးလွန်သူများကို ပြေးစရာမြေမရှိသည်အထိ တရားခံများကို နာရီမဆိုင်းဘဲ ဖော်ထုတ်ရန် ရဲတပ်ဖွဲ့ကို ဒုတပ်ချုပ် တိုက်တွန်း
မျိုးကြီး (NSS) - အောက်တိုဘာ ၂
တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာ၌ ပြစ်မှုကျူးလွန်သူများကို ပြေးစရာမြေမရှိသည်အထိ တရားခံများကို နာရီမဆိုင်ဘဲ ဖော်ထုတ်ရန် ရဲတပ်ဖွဲ့ကို ဒုတပ်ချုပ်က တိုက်တွန်းထားသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့(အောက်တိုဘာလ ၁ ရက်)တွင် ကျရောက်သော (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် လိုအပ်သည်များကို နိုင်ငံတော်ကတိုးမြှင့်ဖြည့်ဆည်းပေးလျက်ရှိပြီး လူမှုအဖွဲ့အစည်းတစ်ရပ်လုံးအား ဥပဒေနှင့်အညီလုံခြုံရေးအတွက် အကာအကွယ်ပေးကာ စောင့်ရှောက်သွားရန်လည်း ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက တိုက်တွန်းထားသည်။
ထို့ပြင် တရားဥပဒေစိုးမိုးရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံတည်ငြိမ်မှုရှိရေး ဆောင်ရွက်ရာတွင် ဥပဒေဘက်တော်သားအဖွဲ့အစည်းများအပြင် နယ်မြေအလိုက်ပြည်သူများနှင့်ပါ လက်တွဲ၍ ပြစ်မှုကျူးလွန်မှု မရှိစေရေးဆောင်ရွက်သွားရန်လည်း ဒုတပ်ချုပ်က ပြောသည်။
အလားတူ ပြစ်မှုကျူးလွန်ပါကလည်း ပြေးစရာမြေနေရာမရှိသည်အထိ တရားခံများကို နာရီမဆိုင်းဖော်ထုတ်ကာ ပြစ်မှုအလိုက် ထိရောက်သည့်ပြစ်ဒဏ်ကျခံနိုင်ရေးအတွက် ရဲတပ်ဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ကြရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းပြောကြားခဲ့သည်။
လက်ရှိ နစကအစိုးရလက်ထက်၌ မြန်မာနိုင်ငံအတွင်း၌ အရပ်သားပြည်သူများ အကြမ်းဖက်သတ်ဖြတ်ခံရသည့်ဖြစ်စဉ်၊ လုယက်သတ်ဖြတ်မှုဖြစ်စဉ်၊ ဓါးပြတိုက်သတ်ဖြတ်သည့်ဖြစ်စဉ်များရှိခဲ့ပြီး ၎င်းဖြစ်စဉ်များအတွင်း ကျူးလွန်သူများကို ဖမ်းဆီး ရမိမှုများရှိသကဲ့သို့ ထွက်ပြေးလွတ်မြောက်နေသူများလည်း ရှိနေကြောင်း သိရသည်။
ထို့ပြင် နစကလက်ထက်၌ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော ရဲတပ်ဖွဲ့ဝင်ဦးရေသည်လည်း (၅၀၀)နီးပါးခန့်ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တူရကီစစ်တပ်က ကာဒစ်လက်နက်ကိုင်အဖွဲ့ PKK ရဲ့နေရာပေါင်း ၂ဝ ကျော်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း