တူရကီစစ်တပ်က ကာဒစ်လက်နက်ကိုင်အဖွဲ့ PKK ရဲ့နေရာပေါင်း ၂ဝ ကျော်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်
ဂျန်ဇက် (NSS) – အောက်တိုဘာ ၂
တူရကီစစ်တပ်ဟာ ကာဒစ်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PKK ရဲ့ ၂ဝ ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၁ ရက်က တူရကီနိုင်ငံ အန်ကာရာမြို့ရှိ ပြည်ထဲရေးဝန်ကြီးရုံးချုပ်နားမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မကြာမီ တူရကီစစ်ဘက်က ကာဒစ်လက်နက်ကိုင်အဖွဲ့ရဲ့နေရာပေါင်း ၂ဝ ကျော်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
တူရကီစစ်တပ်ဟာ အီရတ်မှာအခြေစိုက်ထားတဲ့ PKK အုပ်စုများရဲ့စခန်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ အီရတ်နိုင်ငံ Gara ဒေသ၊ Hakurk ဒေသ Metina ဒေသ နဲ့ Qandil ဒေသတို့ရှိ PKK စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အောက်တိုဘာ ၁ ရက်က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ ကျူးလွန်သူ နှစ်ဦး ပါဝင်ခဲ့ပြီး တစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တူရကီအာဏာပိုင်တွေကပြောပါတယ်။ အခြားတစ်ဦးကိုတော့ တူရကီလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောပါတယ်။
အဆိုပါဗုံးခွဲမှုဖြစ်ပွားခဲ့ပြီးနောက် တူရကီပြည်ထဲရေးဝန်ကြီးရုံးချုပ်နားကို စစ်သားတွေနဲ့ ရဲတပ်ဖွဲ့အများအပြား ရောက်ရှိလာခဲ့ပြီး တင့်ကားတွေကိုလည်း ဖြန့်ကြတ်ချထားတဲ့ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ တူရကီနိုင်ငံ ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့မှာ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကလည်း လူစည်ကားရာနေရာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးခဲ့ပြီး၊ လူ ၈ဝ ကျော် ဒဏ်ရာရခဲ့ဖူးကြောင်း သိရပါတယ်။
တူရကီအစိုးရကတော့ အဆိုပါဗုံးပေါက်ကွဲမှုများနဲ့ပတ်သက်ပြီး ခွဲထွက်ရေးအုပ်စုဖြစ်တဲ့ YPG အဖွဲ့ နဲ့ (PKK) အဖွဲ့ကို ဝေဖန်ပြစ်တင်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခုတင်(၅၀)ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများကို တိုးချဲ့အဆင့်မြှင့်တင်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးအသိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း