လူငယ်များက သက်ကြီးရွယ်အိုများ၏ လူ့အခွင့်အရေးကို မြှင့်တင်ပေးရန်လိုကြောင်း လူ့အခွင့်အရေးကော်မရှင်တိုက်တွန်း
သန့်ဇင် (NSS) - အောက်တိုဘာ ၁
သက်ကြီးရွယ်အိုများအား ခွဲခြားဆက်ဆံခြင်း နှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းဝေးစေရန် လူငယ်များက သက်ကြီးရွယ်အိုများ၏လူ့အခွင့်အရေးကိုမြှင့်တင်ပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းထား သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယနေ့(အောက်တိုဘာလ ၁ ရက်)တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် ယခုကဲ့သို့ သတင်းထုတ်ပြန်တိုက်တွန်းထားခြင်းဖြစ်သည်။
အသက်အရွယ်ကြီးရင့်မှုကြောင့် ခွဲခြားဆက်ဆံခံရခြင်း၊ လျစ်လျူရှုခြင်း၊ ချန်လှပ်ခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကင်းဝေးစေရန် လူငယ်များက သက်ကြီးရွယ်အိုများ၏ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးခြင်းသည် အသက်ကြီးရင့်မှုကို အလေး ထားသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အသက်(၆၀)နှစ်အထက်ရှိသူများကို သက်ကြီးရွယ်အိုများဟု သက်မှတ်ပြီး အိုမင်းမစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု နိုင်ငံတော်၏ အခြေခံမူတွင်ပါရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
သက်ကြီးရွယ်အို အရေအတွက်တိုးမြင့်လာသည်နှင့်အမျှ ၎င်းတို့တွင် အခွင့်အရေးများလိုအပ်လာခြင်းကြောင့် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် သက်ကြီးရွယ်အိုသင်တန်းများသို့ သွားရောက်ကာ သက်ကြီးရွယ်အိုအခွင့်အရေးများ ဘာသာရပ်သင်ခန်းစာများ ပို့ချလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဘိုးဘွားရိပ်သာများသို့ သွားရောက်၍ ဘိုးဘွားများ၏ အခြေခံလူ့အခွင့်အရေးများရရှိခြင်းရှိ၊ မရှိကိုလည်းသွားရောက် စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သပိတ်ကျင်းမြို့၌ ဆီဘောက်ဆာယာဉ် (၁)စီးတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအမျိုးသား (၁)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ