သပိတ်ကျင်းမြို့၌ ဆီဘောက်ဆာယာဉ် (၁)စီးတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအမျိုးသား (၁)ဦး သေဆုံး
စော (NSS)- အောက်တိုဘာ ၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၁ရက်)၊ ညနေ (၃)နာရီခွဲဝန်းကျင်အချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၆၇/၆၈)၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နေရာတွင် ဆီဘောက်ဆာယာဉ် (၁)စီးတိမ်းမှောက်မှုကြောင့် သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုမဖြစ်စေရန် အအေးပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ယာဉ်မောင်းအမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်ဖြစ်သူ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အား အောင်သုခလူမှုကူညီရေးအသင်းက သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇင်ဘာဘွေနိုင်ငံတွင် ရွှေတွင်းတစ်တွင်းပြိုကျခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံးကာ အခြားလူ(၁၅)ဦး ပိတ်မိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း