ဇင်ဘာဘွေနိုင်ငံတွင် ရွှေတွင်းတစ်တွင်းပြိုကျခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံးကာ အခြားလူ(၁၅)ဦး ပိတ်မိနေ
Pika (NSS) - အောက်တိုဘာ ၁
ဇင်ဘာဘွေနိုင်ငံတွင် ရွှေတွင်းတစ်တွင်း ပြိုကျမှုကြောင့် အနည်းဆုံးလူခြောက်ဦး သေဆုံးခဲ့ပြီး မြေအောက်တွင် အခြားလူ(၁၅)ဦး ပိတ်မိနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါပြိုကျမှုဖြစ်ပွားသည့်အချိန်တွင် ရွှေတွင်းထဲတွင် လုပ်သား(၃၄)ဦးရှိနေကြောင်း ဇင်ဘာဘွေနိုင်ငံ သတ္တုတွင်း ဒုဝန်ကြီး Polite Kambamura က ပြောကြားခဲ့သည်။ သို့သော်လည်း လုပ်သား(၁၃)ဦးမှာ ရွှေတွင်း ပြိုကျမှုမှ လွတ်မြောက်ခဲ့ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
Harare မြို့အနောက်ဖက် ကီလိုမီတာ(၁ဝဝ)အကွာတွင်ရှိသော Chegutu မြို့ရှိ Beyhose မိုင်းတွင်းတွင် ပြိုကျမှု များဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ရဲတပ်ဖွဲနှင့် သတ္တုတွင်းဝန်ကြီးတို့က ချက်ချင်း ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။ မိုင်းတွင်း ပြိုကျမှုဖြစ်ရပ်များသည် ရွှေ၊ ကျောက်မီးသွေး နှင့် စိန်တို့ ကြွယ်ဝပေါများသော ဇင်ဘာဘွေနိုင်ငံတွင် မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ထို့အပြင် ဇင်ဘာဘွေနိုင်ငံတွင် လျှပ်စစ်ကားဘထ္ထရီများတွင် အသုံးပြုများသော သတ္တုတစ်မျိုးဖြစ်သည့် လီသီယမ် သတ္တသိုက်လည်းရှိကြောင်း သိရသည်။ ၂ဝ၁၇ ခုနှစ်က တောင်အာဖရိကရှိ မိုင်းတွင်းတစ်ခုတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ တရားမဝင်မိုင်းလုပ်သား အနည်းဆုံး(၂၉)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် လူ(၄ဝဝ)နီးပါး သေဆုံးခဲ့ဟုဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း