ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် အသင်းကစားသမား၏ခြေစွမ်းအပေါ် စိတ်ပျက်နေတဲ့ မန်ယူ နည်းပြ
Pika (NSS) - အောက်တိုဘာ ၁
မန်ယူအသင်းသည် စက်တင်ဘာလ(၃ဝ)ရက် ညက ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်တွင် (၁)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားသမား၏ ခြေစွမ်းနှင့် စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန် မှုမရှိသေးကြောင်း မန်ယူနည်းပြတန်ဟက်က ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်အသင်း နောက်တန်းကစားသမား Joachim Andersen သည် ပွဲချိန်(၂၅)မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မန်ယူအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို (၁)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ပြီးနောက် မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားတွင် နံပါတ်(၁ဝ)နေရာမှာ ရပ်တည်နေကြောင်းလည်း သိရသည်။ ထို့အပြင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားပွဲ အတွင်း မန်ယူအသင်းအသင်းကစားသမားများ၏ စွမ်းဆောင်ရည်ကို နည်းပြတန်ဟက်က စိတ်ပျက်မှုများ ရှိခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ပရီးမီးယားလိဂ်ရာသီကို အဆိုးရွားဆုံးပုံစံဖြင့် စတင်မိခဲ့ပြီး (၃၄)နှစ်အတွင်း အဆိုးရွားဆုံး ပရီးမီးယားလိဂ်ရာသီ စတင်မှုတစ်ခုလည်းဖြစ်ခဲ့သည်။
နည်းပြတန်ဟက် က "ဒါက တကယ်ကို ရိုးရှင်းပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ဂိုးက မပေးသင့်တဲ့ ဂိုး တစ်ဂိုး ပါ။ အဲဒီဂိုးကို ကျွန်တော်တို့ ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့တွေ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် ဂိုးတော့ မသွင်းယူနိုင်ခဲ့ပါဘူး။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ မန်ယူအသင်းကစားသမားတွေဟာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်တာမျိုးမရှိခဲ့ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ မကစားနိုင်ခဲ့ပါဘူး" ဟု ပြောခဲ့သည်။
မန်ယူအသင်းသည် အောက်တိုဘာလ(၄)ရက်တွင် Galatasaray အသင်း နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူငယ်များက သက်ကြီးရွယ်အိုများ၏ လူ့အခွင့်အရေးကို မြှင့်တင်ပေးရန်လိုကြောင်း လူ့အခွင့်အရေးကော်မရှင်တိုက်တွန်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း