မြန်မာနှင့်ထိုင်း နှစ်နိုင်ငံပူးပေါင်းပြီး မူးယစ်ကင်းစင်သော ဒေသဖြစ်လာရန် ဆောင်ရွက်မည်ဟုဆို
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ ပူးပေါင်းပြီး မူးယစ်ကင်းစင်သော ဒေသဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ အသိပေးပြောဆိုထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က ဖေဖော်ဝါရီလ(၂ဝ)ရက်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပခဲ့သော မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်း အဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
ယခင်က မူးယစ်ဆေးဝါးပြဿနာတွင် ဘိန်းစိုက်ပျိုးမှု နှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိကဖြစ်ခဲ့သော် လည်း လက်ရှိတွင် တိုးတက်လာသည့် စနစ်များအရ မူးယစ်ဆေးပြဿနာသည် ရှုပ်ထွေးလာပြီး နိုင်ငံတိုင်းရင်ဆိုင်နေရသော ပြဿနာများထဲမှ အကြီးဆုံးပြဿနာဖြစ်ကြောင်း ရဲချုပ်မှ ဆိုသည်။
ထို့ပြင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့် အလွဲသုံးမှုတို့သည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွယ်ကြီးထွားလာပြီး အဆိုပါပြဿနာကြောင့် နိုင်ငံများ၏ စီးပွားရေးအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုပါ ဆိုးကျိုးဖြစ်စေသည့် စိန်ခေါ်မှုဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့်လည်း နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများကို အနီးကပ်ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံလက်တွဲ၍ မူးယစ်ကင်းစင်သော ဒေသတစ်ခုဖြစ်လာစေရန် ကြိုပမ်းသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇင်မင်းထက်က ဆိုထားသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MNA လေကြောင်းလိုင်းမှ မန္တလေး-ချင်းမိုင် ခရီးစဉ်ကို မတ်လ(၂)ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ