MNA လေကြောင်းလိုင်းမှ မန္တလေး-ချင်းမိုင် ခရီးစဉ်ကို မတ်လ(၂)ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၁
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) အနေဖြင့် မန္တလေး-ချင်းမိုင်-မန္တလေး ခရီးစဉ်ကို လာမည့် မတ်လတွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း MNA မှ ပြီးခဲ့သည့် ရက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
MNA မှ အဆိုပါခရီးစဉ်ကို လာမည့်မတ်လ(၂)ရက်မှစတင်ကာ အပတ်စဉ် ကြာသပ တေးနေ့တိုင်း တိုက် ရိုက်ပျံသန်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်ပြေးဆွဲရာတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နေ့လည်(၃)နာရီ (၄၅)မိနစ်အချိန်တွင် ထွက်ခွါမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ချင်းမိုင်လေဆိပ်သို့ ဒေသစံတော်ချိန် ညနေ(၅)နာရီ (၃၅)မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ချင်းမိုင်မှ ဒေသစံတော်ချိန် ည(၆)နာရီ (၃၅)မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည(၇)နာရီ (၂၅)မိနစ်အချိန်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
ခရီးစဉ်အတွက် လေယာဉ်လက်မှတ်နှုန်းထားမှာ အသွားတစ်ကြောင်းစာလျှင် အမေရိကန်ဒေါ်လာ(၁၇၂) ဒေါ်လာကျသင့်မည်ဖြစ်ပြီး အသွားအပြန်လျှင် အမေရိကန်ဒေါ်လာ(၂၈ဝ) ကျသင့်မည်ဖြစ်ကြောင်း ကြေ ညာချက်တွင် ပါရှိသည်။
MNA လေကြောင်းလိုင်းသည် ပြည်တွင်းရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်ကို ပျံသန်းပြေးဆွဲလျက်ရှိပြီး စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်၊ ဟောင်ကောင်၊ ချန်ဒူး၊ ဂါယာမြို့တို့နှင့်ချိတ်ဆက်ပြီး နိုင်ငံတကာ ခရီး စဉ်များကိုလည်း ပျံသန်းလျက်ရှိကြောင်းသိရသည်။ လက်ရှိ၌ လေကြောင်းလိုင်းတွင် Boeing 737-800 လေယာဉ် နှစ်စီး နှင့် ATR 72-600 (၈)စီးဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များပြေးဆွဲလျက်ရှိကြောင်း သိရ သည်။
zawgyi version
MNA ေလေၾကာင္းလိုင္းမွ မႏၲေလး-ခ်င္းမိုင္ ခရီးစဥ္ကို မတ္လ(၂)ရက္တြင္ စတင္ပ်ံသန္းေျပးဆြဲမည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၁
ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA) အေနျဖင့္ မႏၲေလး-ခ်င္းမိုင္-မႏၲေလး ခရီးစဥ္ကို လာမည့္ မတ္လတြင္ စတင္ေျပးဆြဲမည္ျဖစ္ေၾကာင္း MNA မွ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
MNA မွ အဆိုပါခရီးစဥ္ကို လာမည့္မတ္လ(၂)ရက္မွစတင္ကာ အပတ္စဥ္ ၾကာသပ ေတးေန႔တိုင္း တိုက္ ႐ိုက္ပ်ံသန္း ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။
ခရီးစဥ္ေျပးဆြဲရာတြင္ မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ေန႔လည္(၃)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ထြက္ခြါမည္ျဖစ္ၿပီး ထိုင္းႏိုင္ငံရွိ ခ်င္းမိုင္ေလဆိပ္သို႔ ေဒသစံေတာ္ခ်ိန္ ညေန(၅)နာရီ (၃၅)မိနစ္အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ခ်င္းမိုင္မွ ေဒသစံေတာ္ခ်ိန္ ည(၆)နာရီ (၃၅)မိနစ္အခ်ိန္တြင္ ျပန္လည္ထြက္ခြာမည္ျဖစ္ၿပီး မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ည(၇)နာရီ (၂၅)မိနစ္အခ်ိန္တြင္ ျပန္လည္ေရာက္ရွိမည္ျဖစ္သည္။
ခရီးစဥ္အတြက္ ေလယာဥ္လက္မွတ္ႏႈန္းထားမွာ အသြားတစ္ေၾကာင္းစာလွ်င္ အေမရိကန္ေဒၚလာ(၁၇၂) ေဒၚလာက်သင့္မည္ျဖစ္ၿပီး အသြားအျပန္လွ်င္ အေမရိကန္ေဒၚလာ(၂၈ဝ) က်သင့္မည္ျဖစ္ေၾကာင္း ေၾက ညာခ်က္တြင္ ပါရွိသည္။
MNA ေလေၾကာင္းလိုင္းသည္ ျပည္တြင္းရွိ ၿမိဳ႕နယ္ေပါင္း ၂၇ ၿမိဳ႕နယ္ကို ပ်ံသန္းေျပးဆြဲလ်က္ရွိၿပီး စင္ကာပူ၊ ဘန္ေကာက္၊ ခ်င္းမိုင္၊ ဖူးခက္၊ ေဟာင္ေကာင္၊ ခ်န္ဒူး၊ ဂါယာၿမိဳ႕တို႔ႏွင့္ခ်ိတ္ဆက္ၿပီး ႏိုင္ငံတကာ ခရီး စဥ္မ်ားကိုလည္း ပ်ံသန္းလ်က္ရွိေၾကာင္းသိရသည္။ လက္ရွိ၌ ေလေၾကာင္းလိုင္းတြင္ Boeing 737-800 ေလယာဥ္ ႏွစ္စီး ႏွင့္ ATR 72-600 (၈)စီးျဖင့္ ျပည္တြင္း၊ ျပည္ပ ခရီးစဥ္မ်ားေျပးဆြဲလ်က္ရွိေၾကာင္း သိရ သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ဘောလုံးလောက ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ်တို့ မိတ်ဖက် စာချုပ်ချုပ်ဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း