အယ်နီညိုဝင်ရောက်မှုကြောင့် အိန္ဒိယနိုင်ငံမှာ ငါးနှစ်အတွင်း မုတ်သုံမိုးရွာသွန်းမှု အနည်းဆုံးဖြစ်နေ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁
အယ်နီညိုဝင်ရောက်မှုကြောင့် အိန္ဒိယနိုင်ငံမှာ ငါးနှစ်အတွင်း မုတ်သုံမိုးရွာသွန်းမှု အနည်းဆုံးဖြစ်နေကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
မုတ်သုံမိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် အိန္ဒိယနိုင်ငံရှိ စိုက်ပျိုးရေး နဲ့ လယ်မြေ တစ်ဝက်နီးပါးဟာ ဆည်းမြောင်းများက ရေရှိမှုနည်းပါးသလို စိုက်ပျိုးထုတ်လုပ်မှုများအတွက် ရုန်းကန်နေရကြောင်း သိရပါတယ်။ မုတ်သုံမိုးရွာသွန်းမှုနည်းပါးခြင်းအပြင် ရေရှိမှုနည်းပါးခြင်းကြောင့် အိန္ဒိယနိုင်ငံရဲ့ သီးနှံစိုက်ကွင်းတွေဟာ ခက်ခဲမှုတွေ ရှိနေ ချိန်မှာ သကြား၊ ဆန်စပါး၊ ပဲ နဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးထုတ်လုပ်မှု လျော့နည်းကျဆင်းနေကြောင်း သိရပါ တယ်။
သီးနှံထုတ်လုပ်မှုကျဆင်းလာခြင်းကြောင့် ဈေးနှုန်းများမြင့်တက်လာပြီး အစားစာနဲ့ပတ်သက်တဲ့ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်လာနေကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်မှု နဲ့ သီးနှံ ရရှိမှု နည်းပါးနေခြင်းကြောင့် ပြည်ပနိုင်ငံများကို ဆန်စပါး၊ ပဲ စတဲ့ ကုန်ပစ္စည်းများ တင်ပို့လျော့ခြင်း၊ ကျဆင်းခြင်း၊ တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ထားရကြောင်း သိရပါတယ်။
အယ်နီညိုဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ရေများကို ပူနွေးမှုများဖြစ်လာမှုနဲ့အတူ မိုးရွာသွန်းမှုများ ကျဆင်းခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ဇွန်လမှာ စက်တင်ဘာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်းမိုးရေချိန် ၉၄ ရာခိုင်နှုန်းသာရှိနေကြောင်း အိန္ဒိယမိုးလေဝသဌာနက ဆိုပါတယ်။ အိန္ဒိယမိုးလေဝသဌာနက အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း မိုးရွာသွန်းမှုများ ပုံမှန်ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ်တွင် ကား(၂)စီးတိုက်မိမှုကြောင့် (၅)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ