သင်္ဃန်းကျွန်းမြို့နယ်တွင် ကား(၂)စီးတိုက်မိမှုကြောင့် (၅)ဦး ထိခိုက်ဒဏ်ရာရရှိ
သန့်ဇင်(NSS) - အောက်တိုဘာ ၁
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် Light Truck ကားအား YBS ကနောက်မှဝင်တိုက်မိမှုကြောင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီး(၄)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(အောက်တိုဘာလ ၁ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ ကပ်ချီးယားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရှေ့ကတက္ကစီတစ်စီးက သွားနေတုန်းအဆင်မပြေဖြစ်သွားတဲ့အချိန်။ နောက်က Light Truck က ဘရိတ်အုပ်လိုက်တာကို သူ့နောက်မှာ ထပ်ပါလာတဲ့ YBS က ဝင်ဆောင့်မိတာပါ” ဟု Medical လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြော သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် Light Truck ကားပေါ်မှ ယာဉ်မောင်းအမျိုးသားအပါအဝင် အမျိုးသမီး(၄)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရသည်။
“လူထိခိုက်မှုလဲရှိပါတယ်။ (၅)ယောက်မှာ အဝါရောင်အဆင့်(၂)ဦး။ အစိမ်းရောင်အဆင့်(၃)ဦးရှိပါတယ်။ ခုတော့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို ကျွန်တော်တို့အသင်းကပဲပို့ပေးထားပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယာဉ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား Medical လူငယ်များလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းမြို့နယ်စံပြဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ အမိုးနီးယားဓာတ်ငွေ့တွေ တင်ဆောင်လာတဲ့ ထရပ်ကားနဲ့ ယာဉ်မတော်တဆဖြစ်ခြင်းကြောင့် လူငါးဦး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း