နိုင်ငံတော်၏ လက်ရှိ ပြည်တွင်း၊ ပြည်ပကြွေးမြီစုစုပေါင်းမှာ ငွေကျပ်ဘီလျံ (၆၇၀၀၀) ကျော်ထိရှိ
မြူနစ် (NSS) - စက်တင်ဘာ ၃၀
မြန်မာနိုင်ငံတော်၏ လက်ရှိ ပြည်တွင်း၊ ပြည်ပကြေးမြီစုစုပေါင်းမှာ ငွေကျပ်ဘီလျံ (၆၇၀၀၀)ကျော်ထိရှိကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် Citizen’s Budget တွင် ဖော်ပြချက်အရ သိရသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ(Citizen’s Budget)ကို ယခုရက်ပိုင်းအတွင်း အသိပေးထုတ်ပြန်ထားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကာလ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံတော်၏ ပြည်တွင်းကြွေးမြီသည် ငွေကျပ် (၄၅၂၈၅)ဘီလျံရှိပြီး ပြည်ပကြွေးမြီသည် ငွေကျပ် (၂၂၃၂၉)ဘီလျံရှိကာ စုစုပေါင်းကြွေးမြီမှာ ငွေကျပ် (၆၇၆၁၄)ဘီလျံရှိကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သော ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပကြွေးမြီစုစုပေါင်းမှာ ငွေကျပ် (၅၉၈၁၆)ဘီလျံရှိကြောင်း သိရသည်။
အလားတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ကြွေးမြီစုစုပေါင်းမှာ ငွေကျပ် (၅၈၂၅၆)ဘီလျံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ကြွေးမြီစုစုပေါင်းမှာ ငွေကျပ် (၄၇၆၃၇)ဘီလျံရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် လက်ရှိတွင် ကြွေးမြီအသုံးစရိတ်မူဝါဒနှင့်ပတ်သက်၍ နှစ်အတွင်းပြန်လည်ပေးဆပ်ရမည့် အရင်း၊ အတိုးများကို ဦးစားပေးရန်၊ သက်သာမှုရှိသော ချေးငွေကိုသာ ရွေးချယ်ရယူရန်စသည့်မူဝါဒများကို ချမှတ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထားသည်။
နိုင်ငံတော်က ရယူထားသည့် ပြည်ပချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် တာဝန်သိနိုင်ငံအဖြစ် ခံယူရပ်တည်ကာ အချိန်စေ့ရောက်သည့်အတိုးအရင်းများကို ပေးဆပ်နိုင်ရန် ဦးစား ပေးလျာထားကြောင်းလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောကြားထား သည်။
လက်ရှိ နစကအစိုးရအနေဖြင့် ကြွေးမြီနှင့်ပတ်သက်၍ နှစ်စဉ် အတိုး၊ အရင်း အမေရိကန်ဒေါ်လာသန်း (၇၀၀)ခန့် အကြွေးဆပ်နေရကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံပေါင်း(၂၂)နိုင်ငံက စားသောက်ကုန်တင်ပို့မှု ရပ်တန့်လိုက်ခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိနေဟု သမ္မတဂျိုကိုဝီဒိုဒိုသတိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ