တရုတ်နိုင်ငံက ရိုက်ကူးထားသော “No More Bets”အမည်ရှိ ရုပ်ရှင်ဇာတ်ကားသည်မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေဟု နစကဝေဖန်
Pika (NSS) - စက်တင်ဘာ ၃ဝ
အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်မှုများ နှင့် လူကုန်ကူးခံရမှုအကြောင်းကို ရိုက်ကူးထားသော တရုတ်ရုပ်ရှင်ဇာတ်ကားဖြစ်သည့် “No More Bets”သည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေကြောင်း တရုတ်နိုင်ငံ မြန်မာကောင်စစ်ဝန်ရုံးက ဝေဖန်လိုက်သည်။
တရုတ်နိုင်ငံက ရိုက်ကူးထားသော “No More Bets”ရုပ်ရှင်တွင် အရှေ့တောင်အာရှနိုင်ငံတစ်ခုသို့ အွန်လိုင်းကိုအသုံးပြုကာလိမ်လည်ခေါ်ယူခံရပြီးနောက် လိမ်လည်သည့် လုပ်ငန်းများတွင် အတင်းအကြပ်ဖိအားပေးစေခိုင်းခံရသော ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်၏ အကြောင်းကို ရိုက်ကူးပြသထားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါရုပ်ရှင်သည် မြန်မာ နိုင်ငံကို ရည်ညွှန်းကာရိုက်ကူးထားခြင်းမျိုးဖြစ်ကြောင်း ဖော်ပြထားခြင်းမျိုးမရှိသော်လည်း ၎င်း၏ဇာတ်ဝင်ခန်းသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ဆင်တူနေကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံသို့ လူကုန်ကူးခံရပြီး အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်လုပ်ငန်းများတွင် အတင်းအကြပ်ဖိအားပေးစေခိုင်းခံနေရကြောင်း တရုတ်အစိုးရကပြောကြားထားသည်။ မြန်မာနိုင်ငံရှိ အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားများ အတင်းအကြပ်ဖိအားပေးစေခိုင်းခံနေရခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရက စိတ်ဆိုးဒေါသထွက်နေကြောင်းလည်း သိရသည်။ တရုတ်နိုင်ငံတွင် ရိုက်ကူးထားပြီး မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ဇာတ်ကားကို ကမ္ဘာတစ်ဝှမ်းကိုဖြန့်ချီခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်း Nanning မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်သည် တရုတ်အရာရှိများနှင့်ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း Global New Light of Myanmar သတင်းစာကဖော်ပြခဲ့သည်။
မြန်မာကောင်စစ်ဝန်ချုပ်က "အဲဒီဇာတ်ကားရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေပြီး တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်"ဟု ပြောဆိုခဲ့သည်။
No More Bets ရုပ်ရှင်သည် ပြီးခဲ့သည့်ဩဂုတ်လတွင် ရုံတင်ပြသခဲ့ပြီး ယွမ်(၃ ဒသမ ၈)ဘီလျံထိ ရရှိထားကာ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံအတွင်း တတိယမြောက်လူကြိုက်အများဆုံး ရုပ်ရှင်ကားဖြစ်နေကြောင်းသိရသည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် လက်ရှိအချိန်အထိပြသခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Nagorno-Karabakh ဒေသကို နှစ်ပေါင်း(၃၀)အတွင်း ပထမဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမစ်ရှင် စေလွှတ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂပြော
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ