ပညာသင်ကြားရဖို့အတွက် တစ်ရက်ကို လေးနာရီကျော်ကြာလမ်းလျှောက်ကျောင်းတက်နေရတဲ့ နီပေါရွာကလေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၃ဝ
နီပေါနိုင်ငံ မီဂူမြို့ရှိ Musinmela ရွာမှာနေထိုင်နေတဲ့ ကလေးတွေဟာ Libru မြို့ရှိ Kalika အထက်တန်းကျောင်းတက်ဖို့အတွက် တစ်နေ့ကိုအနည်းဆုံး (၄)နာရီကျော်ကြာလမ်းလျှောက်သွားနေရကြောင်းသိရပါတယ်။
ကလေးတွေဟာ ကျောင်းတက်ဖို့ တစ်နေ့ကိုအနည်းဆုံး ၄ နာရီကျော်ကြာလမ်းလျှောက်ရတဲ့အတွက် အိမ်ကို ပြန်လာချိန်မှာ အလွန်မောပန်းနေခဲ့ကြောင်း မိဘတွေကပြောပါတယ်။အသက် ၁၄နှစ်ရွယ်ရှိကျောင်းသူတစ်ဦးဖြစ်တဲ့ Dantaraj Nepali က ကျောင်းကိုရောက်ရှိဖို့ တစ်ရက်ကို အနည်းဆုံး ၂ နာရီကျော်ကြာလမ်းလျှောက်ရကြောင်း၊ စာသင်ပြီး အိမ်ကိုပြန်လာချိန်မှာလည်း တောင်ကုန်းတွေကို ဖြတ်သန်းပြီး သုံးနာရီ နီးပါးကြာလမ်းလျှောက်ရကြောင်း ၎င်းရဲ့အတွေ့အကြုံကို ပြန်လည်ပြောဆိုခဲ့ပါတယ်။
Soru Rural ရွာမှာနေထိုင်နေသူတွေဟာ ပညာရေး၊ ကျန်းမာရေး အပါအဝင် အခြားဝန် ဆောင်မှုတွေကို အလွယ်တကူရရှိဖို့ ခက်ခဲရုန်းကန်နေရကြောင်းသိရပါတယ်။ Soru Rural ရွာမှာနေထိုင်နေသူတဲ့ကလေးတွေကျောင်းသွားတက်တဲ့ကျောင်းမှာ ကျောင်းသားဦးရေ (၃၀၀)ကျော်ရှိပြီး ဆရာ၊ ဆရာမ (၁၁)ဦးသာရှိကြောင်းသိရပါတယ်။ အဆိုပါကျေးရွာရဲ့ကလေးတွေဟာ လမ်းလျှောက်ရတာ ပင်ပန်းလွန်းခြင်းနဲ့ စိတ်ဖိစီးခြင်းတို့ကြောင့် အိမ်စာကို အပြည့်အဝလုပ်ဆောင်နိုင်ခြင်းမရှိကြောင်း Dantaraj Nepali ကပြောပါတယ်။
၎င်းက "ပုံမှန်အားဖြင့် နေ့တိုင်း နံနက်အစောကြီးထရတယ်။ ကျောင်းကိုရောက်ရှိချိန်မှာသာအိမ်စာကို အပြည့်အဝလုပ်နိုင်တယ်။ မိုးတွင်းဆိုရင် ကျောင်းသွားရတာအခက်ခဲအပင်ပန်းဆုံးပဲဖြစ်ပါတယ်။ လမ်းတွေကောင်းမွန်မှုမရှိတော့ ဂရုစိုက်သွားရတယ်"လို့ပြောပါတယ်။
Kalika ကျောင်းကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၆ နှစ်ခန့်ကတည်းကတည်ထောင်ထားခဲ့ပေမယ့် အခြေခံအဆောက်အဦးပိုင်းနဲ့အခြားလိုအပ်ချက်များ ပြည့်စုံကောင်းမွန်မှုမရှိကြောင်း၊ ကျောင်းဟာ ကျောင်းသားဦးရေ ၂၀၀ကျော်သာတက်ရောက်နိုင်ပေမယ့် ကျောင်းသားအရေအတွက် ၃၀၀ကျော်တက်ရောက်ပညာသင်ကြားနေရကြောင်း သိရပါတယ်။ အဆိုပါကျေးရွာမှာနေထိုင်တဲ့ ကလေးတွေရဲ့မိဘကတွေက ၎င်းတို့ဟာ ကျောင်းသွားတဲ့သားသမီး ပြန်လာမယ့် အချိန်ကို စိုးရိမ်မှုအပြည့်နဲ့ စောင့်ဆိုင်းနေရကြောင်း၊ သားသမီးတွေ လမ်းမှာအန္တရာယ်ဖြစ်မှာကို စိုးရိမ်နေရကြောင်း ဆိုပါတယ်။ Musinmela ကျေးရွာမှာနေထိုင်တဲ့ ကျောင်းသားပေါင်း (၃)ဒါဇင်ချီကျော်ဟာ Kalika အထက်တန်းကျောင်းမှာ ပညာသင်ကြားလျက်ရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်အစိုးရက အယ်လ်နီညိုကြောင့် လယ်သမားတွေအခက်အခဲဖြစ်နေခြင်းကို ကူညီပေးနိုင်ဖို့ ပီဆို( ၁၃)ဘီလျံ နီးပါးကူညီထောက်ပံ့ပေးမယ်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း