ဖိလစ်ပိုင်အစိုးရက အယ်လ်နီညိုကြောင့် လယ်သမားတွေအခက်အခဲဖြစ်နေခြင်းကို ကူညီပေးနိုင်ဖို့ ပီဆို( ၁၃)ဘီလျံ နီးပါးကူညီထောက်ပံ့ပေးမယ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၃ဝ
အယ်လ်နီညို ဝင်ရောက်နိုင်မှုကြောင့် စိုးရိမ်မှုများဖြစ်နေချိန်မှာ ဖိလစ်ပိုင်အစိုးရဟာ နိုင်ငံအတွင်းရှိ လယ်သမား (၂ ဒသမ ၃)သန်းကို ဘဏ္ဍာရေးအကူအညီများပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖိလစ်ပိုင်အစိုးရက သီးနှံထုတ်လုပ်မှု စရိတ်မြင့်တက်နေခြင်းနဲ့အယ်လ်နီညို ဝင်ရောက်မှုကြောင့် အခက်အခဲဖြစ်နေခြင်းများကို ကူညီထောက်ပံ့ပေးနိုင်ဖို့ လယ်သမားတွေကို ငွေကြေးကူညီထောက်ပံ့ပေးမှာ ဖြစ်ကြောင်းသိရပါတယ်။ ဆန်စပါးစိုက်ပျိုးတဲ့ လယ်မြေ (၂) ဟတ်တာ ပိုင်ဆိုင်တဲ့ လယ်သမားတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံသုံးငွေကြေး ပီဆို ၅၀၀၀ ရရှိမှာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။ အဆိုပါ ကူညီထောက်ပံ့ပေးမယ့် ရန်ပုံငွေကို ၂၀၂၂ ခုနှစ်အတွင်း ပြည်ပဆန်တင်ပို့မှုကနေ ရရှိတဲ့အခွန်ကောက်ခံမှုငွေကြေးများကိုအသုံးပြုသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဆန်ဈေးနှုန်းများမြင့်တက်လာမှုနဲ့အတူ ငွေကြေးဖောင်းပွမှုနှုန်းတွေလည်း မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်အစိုးရအနေနဲ့ လယ်သမား ၂ ဒသမ ၃သန်းအတွက် ဖိလစ်ပိုင်နိုင်ငံသုံးငွေကြေး ပီဆို (၁၂ ဒသမ ၇)ဘီလျံ ကူညီထောက်ပံ့ပေးရမှာဖြစ်ကြောင်း သိရပါတယ်။ အယ်လ်နီညို ဝင်ရောက်မှုနဲ့ပတ်သက်ပြီး အာရှဒေသအတွင်းရှိ နိုင်ငံများကြား စိုးရိမ်မှုမြင့်တက်နေရာ ထိုင်းနိုင်ငံကလည်း အယ်လ်နီညိုနဲ့ပတ်သက်ပြီး လယ်သမားတွေကို ဖြေလျော့ပေးခဲ့ဖူးကြောင်းသိရပါတယ်။ ထိုင်းအစိုးရဟာ လယ်သမားတွေကို အကြွေးငွေဆိုင်းငံ့ပေးမယ့်အပြင် ဘတ်တစ်သိန်းစီထပ်မံခွင့်ပြုပေးသွားမယ်လို့မကြာသေးမီက သတင်းထုတ်ပြန်ထားပါတယ်။ အယ်လ်နီညိုဝင်ရောက်မှုကြောင့် အပူချိန်မြင့်တက်လာမှုနဲ့အတူ ရေရရှိမှုနည်းပါးလာမှာဖြစ်ရာ စိုက်ပျိုးရေးလုပ်ငန်းများအပေါ် သက် ရောက်မှုရှိလာနိုင်ပြီး သီးနှံအထွက်နှုန်းနည်းပါးလာဖွယ်ရှိနေရာ အိန္ဒိယအပါအဝင်နိုင်ငံအချို့က သီးနှံများ ပြည်ပတင်ပို့တာတွေကို ဆိုင်းငံ့ပိတ်ပင်ထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့်ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း