အမေရိကန်သမ္မတဟောင်း ရောဘတ်ဖရန့်ကနေဒီရဲ့မြေးဖြစ်သူ လာမယ့်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်သွားမယ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၃ဝ
အမေရိကန်သမ္မတဟောင်း ဂျွန်ဖရန့်ကနေဒီရဲ့မြေးဖြစ်သူ ကနေဒီဂျူနီယာဟာ လာမယ့်အမေရိကန်သမ္မတ ရွေးကောက်ပွဲကိုတစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ကနေဒီဟာ အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့သမ္မတဟောင်းဖြစ်လာဖွယ်ရှိနေတဲ့ ဂျိုးဘိုင်ဒန်အတွက် အဓိကပြိုင်ဘက်ဖြစ်လာဖွယ်ရှိနေကြောင်း စစ်တမ်းတွေက ဖော်ပြထားပါတယ်။ ကနေဒီဟာ အောက်တိုဘာလ ၉ ရက်မှာ Pennsylvania ပြည်နယ်မှာစတင်မဲဆွယ်စည်းရုံးမှု လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ ကနေဒီဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒီမိုကရက်တစ်ကော်မတီတွေကို ဝေဖန်တိုက်ခိုက်မှုတွေလုပ်ဆောင်လာဖွယ်ရှိနေကြောင်းသိရပါတယ်။ ကနေဒီဟာ ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်ပေမယ့် သမ္မတရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်နဲ့ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ ကော်မတီကို စိတ်ဆိုးဒေါသဖြစ်နေသူဖြစ်ပါတယ်။ ကနေဒီက ဒီမိုကရက်တစ်ပါတီ ကော်မတီဟာ သမ္မတလောင်းရွေးချယ်မှုနဲ့ပတ်သက်ပြီး သူ့အပေါ် မျှတတဲ့အခွင့်အရေးပေးခဲ့တာမျိုးမရှိကြောင်း ဆိုပါတယ်။
ကနေဒီဂျူနီယာဟာ အမေရိကန်သမ္မတအဖြစ်တာဝန်ယူခဲ့ဖူးသူ ဂျွန်ဖရန်ကနေဒီရဲ့မြေးဖြစ် သလို ၁၉၆၈ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သမ္မတလောင်းရောဘတ်ဖရန့်ကနေဒီရဲ့သားဖြစ်ကြောင်းသိရပါတယ်။
ကနေဒီဂျူနီယာက "ဒီမိုကရက်တစ်ပါတီ ကော်မတီဟာ ကျွန်တော့်ကို ပါတီကိုယ်စားပြုပြီး သမ္မတလောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်မှာကို ငြင်းပယ်နိုင်ဖို့ စည်းကမ်းတွေကိုအပြောင်းအလဲလုပ်ဆောင်နေတယ်။ ဒါကြောင့် ကျွန်တော်ဟာ လွတ်လပ်စွာနဲ့ ယှဉ်ပြိုင်သွားမယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်သွားဖို့များပါတယ်"လို့ပြောပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်ထိပ်သီးပါတီကြီးတွေဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီ နဲ့ ဒီမိုကရက်တစ်ပါတီတို့ဟာ ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီးအတည်ပြုကြေညာပေးဖွယ်ရှိနေပြီး လာမယ့်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရမ့် နဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် လက်ရှိ သမ္မတဂျိုးဘိုင်ဒန်တို့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။ ၎င်းရဲ့အဘိုးဖြစ်သူ ဂျွန်ဖရန့်ကနေဒီဟာ ၁၉၆၃ ခုနှစ်မှာ သမ္မတတာဝန်ထမ်းဆောင်နေချိန်အတွင်း လုပ်ကြံခံခဲ့ရသူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငြိမ်းချမ်းရေးအတွက် တပ်ချုပ်နှင့် KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးတို့ နေပြည်တော်၌ တွေ့ဆုံ၊ ရလဒ်ကောင်းထွက်ခဲ့ကြောင်း ပဒိုရွှေမောင်းပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ