IOC ဟာ ပါရီအိုလံပစ်ပြိုင်ပွဲမှာပါဝင်သူ မွတ်ဆလင် အားကစားသမားတွေအတွက် athletes’ village မှာ ဟီဂျဘ်ဝတ်ဖို့ ခွင့်ပြုမည်
ရောင်နီ (NSS) - စက်တင်ဘာ ၃ဝ
ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၄ ခုနှစ်၊ အိုလံပစ် အားကစားပြိုင်ပွဲမှာ ပါဝင်သူ မွတ်ဆလင် အားကစားသမားတွေကို ၎င်းတို့ရဲ့ athletes’ village မှာ ဟီဂျဘ်ဝတ်ဆင်ခွင့်ပေးဖို့ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) က ဆုံးဖြတ်ခဲ့ပါတယ်။
သောကြာနေ့ (စက်တင်ဘာလ ၂၉ ရက်)မှာ IOC က athletes’ village မှာ အစောပိုင်းက ကန့်သတ်ထားတဲ့ ဟီဂျဘ်ကန့်သတ်ချက်တွေကို ဖယ်ရှားခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အားကစားပွဲတွေအတွင်းမှာတော့ ဟီဂျဘ်ဝတ်ဆင်ခွင့်ကို တားမြစ်ထားဆဲပါပဲ။ အိုလံပစ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြင်သစ်အားကစားသမားတွေရဲ့ အခြေအနေကို ပိုမိုနားလည်သဘောပေါက်ဖို့ ပြင်သစ်အိုလံပစ်ကော်မတီ (CNOSF) နဲ့ ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။
“Athletes’ village အတွက် IOC က စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ ဒါပေမယ့် ဟီဂျဘ် ဒါမှမဟုတ် အခြားဘာသာရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ၀တ်စားဆင်ယင်မှုတွေအပေါ် ကန့်သတ်ထားတာတော့ မရှိဘူး"လို့ IOC ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
Athletes’ village ဟာ အိုလံပစ်အားကစားပွဲကို တက်ရောက်တဲ့ အားကစားသမား (၁၀၀၀၀) မှ အများစု နေထိုင်ရာနေရာဖြစ်ပြီး စားသောက်ခန်းမ၊ အပန်းဖြေနေရရာများစတဲ့ ဘုံနေရာတွေကို အားကစားသမားတွေ မျှဝေအသုံးပြုကြရတဲ့နေရာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်အားကစားဝန်ကြီး အမာလီအူဒီယာကတ်စတာရာက အိုလံပစ် အားကစားသမားတွေ အားကစားပြိုင်ပွဲအတွင်း ဟီဂျဘ်ဝတ်ဆင်ခြင်းမှ တားမြစ်သွားမယ်လို့ ကြေညာခဲ့ခြင်းကြောင့် ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက်မှာ အခုလို ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတဟောင်း ရောဘတ်ဖရန့်ကနေဒီရဲ့မြေးဖြစ်သူ လာမယ့်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်သွားမယ်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း