ရုရှားသတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် လိင်ပြောင်းထားသော ယူကရိန်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဟောင်း တိုက်တွန်း
Pika (NSS) - စက်တင်ဘာ ၂၈
ယူကရိန်းသည် ထိုးစစ်ဆင်မှုများနှင့်အတူ ရုရှားသတင်းထောက်များကို ပစ်မှတ်ထားရန်အတွက် လက်နက်များအားလုံးကို အသုံးပြုရမည်ဖြစ်ကြောင်း ယူကရိန်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဟောင်း Sarah Ashton-Cirillo က ပြောခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ ရုရှားဝါဒဖြန့်ချိသူများကို ဖမ်းဆီးရန် လိင်ပြောင်းအမျိုးသား Sarah Ashton-Cirillo က လူသိရှင်ကြား ခြိမ်းခြောက်ပြောဆိုပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်တွင် ယူကရိန်းသည် ၎င်းကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရုရှားသတင်းထောက် Vladimir Solovyov နှင့် Olga Skabeeva တို့သည် ပုန်းရှောင်ရန် ခွင့်မပြုသင့်သော အကြမ်းဖက်သမားများဖြစ်ကြောင်း Sarah Ashton-Cirillo က ပြောခဲ့သည်။
ထို့အပြင် ၂ဝ၂၂ ခုနှစ် ဩဂုတ်လတွင်ဖြစ်ပွားခဲ့သော ကားဗုံးခွဲခံရမှုအတွင်း သေဆုံးသွားခဲ့သော ရုရှားမီဒီယာ ကိုယ်စားလှယ် Darya Dugina ၏ လုပ်ကြံသတ်ဖြတ်ခံရမှုကို ၎င်းက ချီးကျူးပြောဆိုခဲ့ကြောင်းလည်း သိရသည်။ Darya Dugina သည် ဆိုးရွားသောလူတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ ၎င်းနှင့်ထိုက်တန် ကြောင်း Sarah Ashton-Cirillo က ပြောခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မာရီယာဇာခါရိုဗာသည်လည်း တရားစွဲဆိုမှုများကို ခံရသင့်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
၎င်းက "ရုရှားနိုင်ငံသားတွေဟာ ဥရောပနိုင်ငံသားတွေ မဟုတ်ပါဘူး။ သူတို့တွေဟာ မွန်ဂိုလူမျိုးကနေ ဆင်းသက် လာတာဖြစ်ပြီး ဦးဆောင်လိုစိတ်ရှိတဲ့ လူတစ်စုပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။ ထို့အပြင် ယူကရိန်းတပ်ဖွဲ့ဝင်များကို အနှောင့်အယှက်ဖြစ်စေသည့်ပြဿနာအချို့ကိုလည်း ၎င်းက ထုတ်ပြန်ပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ယူကရိန်းတပ်ဖွဲ့အတွင်း နိုင်ငံခြားကြေးစားစစ်သားများရှိနေခြင်းသည် လုံခြုံရေးအန္တရာယ်ရှိကြောင်း သက်သေပြ နေပြီး ယူကရိန်းတပ်ဖွဲ့ဝင်များ၏ စိတ်ဓါတ်ကို ထိခိုက်စေကြောင်း ၎င်းက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများက လုပ်ကိုင်နေသည့် လိမ်လည်မှုလုပ်ငန်းများတွင် မလေးရှားနိုင်ငံသား တစ်ထောင်ခန့် အတင်းအကြပ်ဖိအားပေး အလုပ်စေခိုင်းခံနေရဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ