တရုတ်နဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ ထိုင်ဝမ်က ပထမဆုံးပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၈
ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ စက်တင်ဘာ ၂၈ ရက်မှာ ပထမဆုံး ပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရပါတယ်။
ထိုင်ဝမ်ဟာ တရုတ်လက်အောက်က ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူလိုနေပြီး၊ တရုတ်က ထိုင်ဝမ်ဟာ ၎င်းတို့ ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားရာ အငြင်းပွားမှုတွေရှိနေပါတယ်။ တရုတ်စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ကျွန်းနားကို မကြာခဏ ကင်းလှည့်ပျံသန်းခြင်း၊ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းများ လုပ်နေခဲ့ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နဲ့တင်းမာမှုတွေ မြင့်တက်လာတဲ့အတွက် ၂ဝ၂၄ ခုနှစ် မှာ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁၉ ဘီလျံအထိ တိုးမြှင့်သုံးစွဲဖို့ စီစဉ်ထားပါတယ်။
ထိုင်ဝမ်ဟာ ၂ဝ၁၆ ခုနှစ်မှာ ရေငုပ်သင်္ဘောတည်ဆောက်ရေးအစီအစဉ်ကို စတင်ခဲ့ပြီး ပထမဆုံးသော ပြည်တွင်း ထုတ် ပထမဆုံးရေငုပ်သင်္ဘောကို ၂ဝ၂ဝ ပြည့်နှစ်မှာ ထိုင်ဝမ်အခြေစိုက် CSBC Corporation က စတင် တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ရေငုပ်သင်္ဘောကို စက်တင်ဘာ ၁၈ ရက်မှာ ထိုင်ဝမ်ကျွန်းရှိ Kaohsiung ဆိပ်ကမ်းမှာ ရေချမှာဖြစ်ရာ ထိုင်ဝမ်သမ္မတကိုယ်တိုင် တက်ရောက်ဖွယ်ရှိနေပါတယ်။ ရေငုပ်သင်္ဘောဟာ အလေးချိန် စုစုပေါင်း တန်ချိန် ၃ဝဝဝ အထိ တင်ဆောင်နိုင်စွမ်းရှိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ထိုင်ဝမ်ကျွန်းနဲ့ပတ်သက်ပြီး တရုတ်စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်တဲ့ ဘင်လီဝစ် က "ထိုင်ဝမ်ဟာ ရေငုပ်သင်္ဘောကို ပြည်တွင်းမှာ ပထမဆုံး စတင်တည်ဆောက်နိုင်ခဲ့တယ်။ အဲဒီတည်ဆောက်နိုင်မှုဟာ ထိုင်ဝမ်ရဲ့ကာကွယ်ရေးမဟာဗျူဟာတွေအတွက် ကြီးမားတဲ့သက်ရောက်မှုဖြစ်လာစေဖွယ်ရှိပါတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသူများကို ပြင်းထန်စွာ အပြစ်ပေးအရေးယူမည်ဟု တရုတ်တရားရုံးချုပ် သတင်းထုတ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ