တန်ပြန်ထိုးစစ်ဆင်မှုရလဒ်မကောင်းတဲ့အတွက် ယူကရိန်းတပ်ဖွဲ့ဝင် တစ်သောင်းကျော် ရုရှားတပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ဟုဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၈
ယူကရိန်းတပ်ဖွဲ့ဝင်အများအပြားဟာ ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ရုရှားတပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံခြင်းများ ရှိခဲ့ကြောင်း၊ ယူကရိန်းတပ်ဖွဲ့ဝင် ၁ဝဝဝဝ ကျော်ဟာ ရုရှားတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်ကြောင်း ရုရှားအခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ TASS က ပြောပါတယ်။
ရုရှားဟာ ယူကရိန်းတပ်ဖွဲ့ဝင်အရေအတွက် ၁ဝဝဝဝ ကျော်ကို ရုရှားအချုပ်ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းဆက်သွယ်ရေးလိုင်းတွေတဆင့် အကြောင်းကြားပြီး လာရောက် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရုရှားစစ်ဘက်နဲ့ နီးစပ်သူတစ်ဦးက "ယူကရိန်းစစ်သားဦးရေ တစ်သောင်းကျော်ဟာ ဘဝရှင်သန်နေထိုင်ရေးကို ရွေးချယ်ခဲ့ပြီး လက်နက်ချအညံ့ခံလိုသူများအတွက် ဖွင့်လှစ်ထားတဲ့ဆက်သွယ်ရေးလိုင်း 149.200 ‘Volga’ ကို ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းတပ်ဖွဲ့တွေကို အစားအစာနဲ့ အခြားလိုအပ်တဲ့ ဆေးဝါးအထောက်ပံ့တွေ လုပ်ပေးထားတယ်" လို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ တစ်ဦးချင်းလက်နက်ချခြင်းထက် အဖွဲ့လိုက် လာရောက်လက်နက်ချခြင်းများ ပိုမိုများပြားနေကြောင်း သိရပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ ဇွန်လအစောပိုင်းမှာ ရုရှားတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သလောက် ရလဒ်မကောင်းဘဲ ကြီးမားတဲ့ ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နေရပြီး စက်တင်ဘာလအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၁၇ဝဝဝ ကျော် ကျဆုံးခဲ့ကြောင်း ရုရှားစစ်ဘက် က ပြောပါတယ်။
ရုရှားစစ်ဘက်ရဲ့အဆိုအရ တန်ပြန်ထိုးစစ်ဆင်မှု စတင်ပြီးနောက်ပိုင်း ရက်ပေါင်း ၁ဝဝ ကျော်အတွင်း ယူကရိန်း တပ်ဖွဲ့ဝင် တစ်သိန်းခန့် သေဆုံးခဲ့ပြီး၊ အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်ပစ္စည်း သောင်းချီ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာကီနာဖာဆိုနိုင်ငံမှာ စစ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြိုးပမ်းမှုတစ်ရပ် ထပ်မံဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ