နယူးကာဆယ်နှင့်ပွဲအပြီးတွင် လေယာဉ်ဖြင့်မပြန်ဘဲ ကားဖြင့် ပြန်ရမည့်အပေါ် မန်စီးတီးနည်းပြ စိတ်ပျက်
Pika (NSS) - စက်တင်ဘာ ၂၇
မန်စီးတီးအသင်းသည် စက်တင်ဘာလ(၂၇)ရက် ညတွင် နယူးကာဆယ်အသင်းနှင့် ခါရာဘောင်ဆုဖလားပြိုင်ပွဲကို ကစားပြီးနောက် အသင်း၏ အဓိက ကစားသမားအချို့သည် လေယာဉ်ဖြင့်မပြန်ဘဲ ကားဖြင့် ပြန်ရန်စီစဉ်ခဲ့ခြင်း ကြောင့် အနားယူချိန်မရှိမည်ကို စိုးရိမ်မိကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ညည်းညူပြောဆိုခဲ့သည်။
မန်စီးတီးအသင်းသည် အဝေးကွင်းကစားပွဲများ ကစားပြီးလျှင် ရထားဖြင့် ပြန်လေ့ရှိသော်လည်း ညအချိန်တွင် ရထား မရှိတော့သည့်အပြင် လေယာဉ်လည်းမရရှိသည့်အတွက် ကားဖြင့် ပြန်ရမည်ဖြစ်ကြောင်း သိရသည်။
နည်းပြဂွါဒီယိုလာ က "ကားနဲ့ပြန်ရတာက ပြဿနာမရှိပေမယ့် ကျွန်တော်တို့အများကြီးနောက်ကျပြီးမှ ရောက်မှာ ပါ။ ကျွန်တော်တို့ လေယာဉ်နဲ့ပြန်လာလို့မရတဲ့အတွက် ဘတ်စ်ကားပဲစီးရမှာပါ။ အဲဒါကြောင့် ကျွန်တော်တို့ မှန်းထားတာထက် နှစ်နာရီ၊သုံးနာရီလောက် နောက်ကျပြီးမှ ရောက်ပါလိမ့်မယ်။ ရာသီအစမှာ ပုံမှန်မကစားရတဲ့ ကစားသမား(၆)ယောက်လောက်ရှိပြီး ကစားပွဲတွေက အဆင်ပြေခဲ့ပါတယ်။ ကစားပွဲတိုင်းက အံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုက ထူးခြားတဲ့အခြေအနေတစ်ခုဖြစ်နေတာပါ။ ကျွန်တော်တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ကစားသမားတွေ အများအပြားရှိနေပါတယ်။ သူတို့တွေအားလုံးက အနားယူဖို့ လိုအပ်ပါတယ်။ ဝု့ဖ်၊ လိုက်ပ်ဇစ် နဲ့ အာဆင်နယ်အသင်းတို့နဲ့ကစားရမယ့်ပွဲက ပိုပြီးအရေးကြီးပါတယ်။ အဓိကပြဿနာကတော့ အနားယူ ချိန်မရှိမှာပါပဲ။ နှစ်ပတ် သုံးပတ်လောက် ပိတ်ရက်ရှိနေတယ်ဆိုရင်တော့ အဲဒါကဘာမှမဖြစ်ပါဘူး။ ပြဿနာက တစ်နှစ်ပြီးတစ်နှစ် အနားယူချိန် နည်းလာတာပါပဲ" ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Breaking News ; လားရှိးမြို့ရှိ Denko ဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရှိသူများရှိနေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း