Breaking News ; လားရှိးမြို့ရှိ Denko ဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရှိသူများရှိနေ
Pearl (NSS) - စက်တင်ဘာ ၂၇
လားရှိးမြို့ရှိ Denko ဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရှိသူများရှိနေကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၇ရက်) ၊ ညနေ (၅) နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ လားရှိးမြို့၊ လားရှိး- မန္တလေး ကားလမ်းမပေါ်ရှိ Denko စက်သုံးဆီဆိုင်၌ အထက်ပါကဲ့သို ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ Denko စက်သုံးဆီဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူအများအပြား ထိခိုက်မှုရှိခဲ့ကြောင်း မြိုခံများက ပြောသည်။
ထို့ပြင် အဆိုပါဆီဆိုင်၌ ပေါက်ကွဲမှုနှင့်အတူ မီးလောင်မှုဖြစ်စဉ်ကြောင့် ဆိုင်အတွင်း၌ရှိနေသည့် ခရီးသည်တင်ကားတစ်စီးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
" လားရှိးမြို့အပြင်မှာရှိတဲ့ Denko ဆီဆိုင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်တယ်။ မီးသတ်ကားတွေရော၊ လူနာ တင်ကားတွေရော အများအပြားသွားနေတာတွေ့တယ်။ ထိခိုက်ဒဏ်ရာရရှိသူများတယ်လို့ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ခုချိန်မှာတော့ လားရှိးဆေးရုံမှာ လူတွေရှုပ်ယှက်ခတ်နေတာကို တွေ့ရတယ်" ဟု လားရှိးမြို့ ပြည်သူ့ဆေးရုံအနီး၌ နေထိုင်သော မြိုခံတစ်ဦးက NSS ကို ပြောသည်။
အထက်ပါဖြစ်စဉ်သည် Denko ဆီဆိုင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ခြင်းဖြစ်သည်ဟု မြိုခံများက ပြောဆိုထားသော်လည်း NSS အနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းလျက်ပြီး ထပ်မံရရှိမည့် သတင်းအချက်အလက်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။
ထပ်မံသိရှိရသော သတင်းများအရ ၎င်း Denko ဆီဆိုင်၌ ဆိုင်ကယ်တစ်စီးသည် ဆီဖြည့်နေစဉ်အချိန် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက NSS ကို အတည်ပြုပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် လူတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး (၁၁)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထပ်မံ သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်တွင်လည်း လားရှိးမြို့ရှိ CS ဟိုတယ်ရှေ့၌ ဆိုင်ကယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများရှိခဲ့သည်။
လားရှိးမြို့ပေါ်၌ လက်နက်ကိုင်အဖွဲ့အစည်းအချိုက ဟိုတယ်အပါအဝင်စီးပွားရေးလုပ်ငန်းအချိုနှင့် ပတ်သက်သည့် ဆက်ကြေးကောက်ခံမှုများ ပြုလုပ်လျက်ရှိကြောင်းကြားသိရပြီး ဆက်ကြေးမပေးပါက ဗုံးခွဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိသည်ဟု မြု့ခံများက ဖွင့်ဟပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နိုင်ငံကို နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့်လုပ်ငန်းများ လျှော့ချလုပ်ကိုင်ရန် အမေရိကန် သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း