အီရန်နိုင်ငံကို နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့်လုပ်ငန်းများ လျှော့ချလုပ်ကိုင်ရန် အမေရိကန် သတိပေး
Pika (NSS) - စက်တင်ဘာ ၂၇
အီရန်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် သံတမန်ရေးအရ ဆက်ဆံမှုများကို လုပ်ဆောင်လိုပါက ၎င်း၏ နျူကလီးယား အစီအစဉ်များနှင့်ပတ်သက်သည့်ခြေလှမ်းများကို လျှော့ချသွားရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့အပြင် အီရန်နိုင်ငံသည် နျူကလီးယားအစီအစဉ်များ လုပ်ဆောင်မှုကို လျှော့ချရန်အတွက် နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီ(IAEA) နှင့် ပူးပေါင်းဆောက်ရွက်မှုများကို ပထမဆုံးလုပ်ဆောင်ရမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အီရန်နိုင်ငံတွင် တာဝန်ပေးအပ်ထားသော IAEA ၏ စစ်ဆေးရေးမှူးများကို တားဆီးပိတ်ပင်ရန်ဆုံးဖြတ်ခဲ့ခြင်း အတွက် အီရန်နိုင်ငံကို အမေရိကန်နိုင်ငံက ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် မကြာမီရက်ပိုင်းအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မက်မီလာ က ယခုကဲ့သို့ ထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။
မက်မီလာက "အီရန်ဟာ အမေရိကန်နဲ့တင်းမာမှုတွေကိုလျှော့ချပြီး သံတမန်ရေးအရ ဆက်ဆံမှုတွေကို လုပ်ဆောင် ချင်တယ်ဆိုရင် သူတို့ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ခြေလှမ်းတွေကို လျှော့ချသွားရမှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အီရန်ဟာ IAEA ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို တားဆီးပိတ်ပင်ဖိုအတွက် လုပ်ဆောင်ခဲ့ပါတယ်။ အီရန်ဟာ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ခြေလှမ်းတွေ လျှော့ချတာမျိုးကို လုပ်ချင်တယ်ဆိုရင် ပထမဆုံး အနေနဲ့ကတော့ IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားရမှာပါ" ဟု ပြောခဲ့သည်။
မက်မီလာသည် အီရန်၏ နျူကလီးယားအစီအစဉ်များနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိသော်လည်း အီရန် နှင့် အမေရိကန်ကြား ဆွေးနွေးပွဲအသစ်များ စတင်နိုင်ခြေများကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၂၇ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ