လာမည့်ကစားပွဲ(၂)ပွဲတွင် နိုင်ပွဲမရရှိခဲ့ပါက ချဲလ်ဆီးနည်းပြပိုချက်တီနို ရာထူးမှ ထုတ်ပယ်ခံရနိုင်ဖွယ်ရှိနေဟု TalkSPORT ရုပ်သံတင်ဆက်သူတစ်ဦး ထုတ်ဖော်ပြောဆို
Pika (NSS) - စက်တင်ဘာ ၂၆
ချဲလ်ဆီးအသင်းသည် လာမည့်ကစားပွဲနှစ်ပွဲတွင် နိုင်ပွဲ မရရှိခဲ့ပါက နည်းပြပိုချက်တီနိုသည် ရာထူးမှ ထုတ်ပယ်ခံရ နိုင်ဖွယ်ရှိနေသည်ဟု ယုံကြည်ကြောင်း TalkSPORT သတင်းဌာန ရုပ်သံတင်ဆက်သူ အန်ဒီဂိုးစတိန်းက ထုတ်ဖော် ပြောဆိုခဲ့သည်။ ချဲလ်ဆီးအသင်းသည် နောက်ဆုံးကစားခဲ့သည့် ကစားပွဲသုံးပွဲတွင် ဂိုးသွင်းနိုင်ခြင်းမျိုးမရှိသည့် အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ(၆)ပွဲတွင် တစ်ပွဲသာအနိုင်ရရှိကာ အမှတ်ပေးဇယားမှာ နံပါတ်(၁၄)တွင် ရပ်တည်နေ ကြောင်း သိရသည်။
ချဲလ်ဆီးအသင်းသည် ၂ဝ၂၃-၂ဝ၂၄ ပရီးမီးယားလိဂ်ရာသီကို ဆိုးရွားသောပုံစံမျိုးဖြင့် စတင်ခဲ့ပြီး ၁၉၇၈ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးရာသီအစ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ပိုချက်တီနိုသည် ချဲလ်ဆီးဘုတ် အဖွဲ့ဝင်များကို စိတ်ရှည်ပေးကြရန် တောင်းပန်ပြောဆိုခဲ့သော်လည်း ဖူလ်ဟမ်နှင့် ဘန်လေအသင်းတို့နှင့် ကစားမည့်ပွဲနှစ်ပွဲတွင် နိုင်ပွဲမရရှိခဲ့ပါက ချဲလ်ဆီးအသင်းတာဝန်ရှိသူများသည် နည်းပြပိုချက်တီနိုကို ရာထူးမှ ထုတ်ပယ်ရန်အတွက် ဆုံးဖြတ်သွားနိုင်သည်ဟု အန်ဒီဂိုးစတိန်းက ယုံကြည်နေကြောင်း သိရသည်။
အန်ဒီဂိုးစတိန်းက "ချဲလ်ဆီးအသင်းကစားနေတဲ့ပွဲတွေကိုကြည့်ရင် အသင်းအဖွဲ့တစ်ခုလို ပူးပေါင်းကစားနေတာမျိုး ကို ကျွန်တော်မမြင်မိပါဘူး။ ပူးပေါင်းဆောင်ရွက်မှုတွေမရှိတဲ့အတွက် သူတို့ ဂိုးမသွင်းနိုင်ပါဘူး။ ချဲလ်ဆီးအသင်း ဟာ လာမယ့်ကစားပွဲနှစ်ပွဲမှာ အနိုင်မရရှိခဲ့ဖူးဆိုရင် ပိုချက်တီနိုဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်ဖွယ်ရှိနေ တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲချုပ်ကြီးရဲ့အိမ်များကို ထိုင်းရဲတပ်ဖွဲ့ စီးနင်းရှာဖွေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း