Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နဲ့ တောင်အာဖရိကရဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု စတင်၊ ရုရှားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်

ရောင်နီ (NP News) - ဖေဖော်ဝါရိ ၁၈       

ရုရှား၊ တရုတ်နဲ့ တောင်အာဖရိကတို့ဟာ တောင်အာဖရိက အိန္ဒိယသမုဒ္ဒရာကမ်းလွန်မှာ ရေတပ်စစ်ရေး လေ့ကျင့်မှု ကို ဖေဖော်ဝါရီ ၁၇ ရက်မှာ စတင်ခဲ့ပြီး ယူကရိန်းကို ရုရှားက ကျူးကျော်မှုနဲ့ပတ်သတ်ပြီး တရုတ်နဲ့ အနောက်နိုင်ငံ များ ဆက်ဆံရေးတင်းမာနေချိန်မှာ သုံးနိုင်ငံ နီးကပ်သော ဆက်ဆံရေးကို သရုပ်ပြခဲ့ပါတယ်။ 

Mosi II  လို့ အမည်ပေးထားတဲ့ ယင်း ၁ဝ ရက်ကြာ စစ်ရေးလေ့ကျင့်မှုဟာ ဖေဖော်ဝါရီ ၂၄ ရက်၊ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တဲ့ ပထမဆုံးနှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ရုရှားဖရီးဂိတ်သင်္ဘော Admiral Gorshkov ဟာ ယခုသီတင်းပတ် အစောပိုင်းက ကိတ်တောင်း သို့ ရောက်ရှိလာခဲ့ပြီး ၄င်းရဲ့ဘေးနှစ်ဖက် မှာ ရုရှားရဲ့မျိုးချစ်သင်္ကေတဖြစ်တဲ့  "Z" နဲ့ "V" စာလုံးများ ချိတ်ဆွဲထားပါတယ်။ အဆိုပါပူးတွဲစစ်ရေး လေ့ကျင့်ခြင်း ကို ဆန့်ကျင်တဲ့ တောင်အာဖရိက ဆန္ဒပြသူတွေဟာ ဖေဖော်ဝါရီလ ၁၇ ရက်၊ သောကြာနေ့မှာ Cape Town ရှိ ရုရှားကောင်စစ်ဝန်ရုံးမှာ ဆန္ဒပြကြဖို့ ပြင်ဆင်နေပါတယ်။ 

စစ်ရေးလေ့ကျင့်ရေးအတွက် ရုရှား ရေတပ်ဗိုလ်ချုပ် ဂေါ့ရ်ှစတော့က ရေကြောင်းနဲ့ ကုန်းပေါ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် နောက်ဆုံးပေါ် Zircon (အသံထက်မြန်သော ဒုံးကျည်များ) တပ်ဆင်လာခဲ့ပြီး အဆိုပါ စစ်သင်္ဘောဟာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း Zircon ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံ ပိုင် သတင်းအေဂျင်စီ TASS က ဖော်ပြခဲ့ပါတယ်။ အဆိုပါစမ်းသပ်မှုဟာ နိုင်ငံတကာစစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံး ပဲဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ အဆိုပါ သင်္ဘောအပြင် ရေကြောင်းလေ့ကျင့်မှုမှာ ပါဝင်တဲ့  အခြားသင်္ဘော များမှာ ဆီဖြည့်ဖို့အတွက် ရုရှားရေနံတင်သင်္ဘောတစ်စင်း၊ တောင်အာဖရိက ဖရီးဂိတ်သင်္ဘောတစ်စင်းနဲ့ တရုတ် သင်္ဘောသုံးစင်းဖြစ်တဲ့ ဖျက်သင်္ဘော၊ ဖရီးဂိတ်သင်္ဘောတစ်စင်းနဲ့ ထောက်ပံ့ရေးသင်္ဘောတစ်စင်းတို့ ပါဝင်မှာ ဖြစ်ကြောင်း တောင်အာဖရိကစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါရေကြောင်းလေ့ကျင့်မှုကို တောင်အာဖရိကနိုင်ငံ ကွာဇူလူနာတယ်လ်ပြည်နယ်ရှိ ဆိပ်ကမ်းများဖြစ်တဲ့ ဒါဘန်နဲ့ ရစ်ချက်ဘေးတို့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

တောင်အာဖရိကဟာ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခြင်းအတွက် ပြည်တွင်းဝေဖန်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ တောင်အာဖရိကဟာ မော်စကိုနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ အာဖရိကနိုင်ငံ အများအပြားမှာ ပါဝင်ပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားကိုရှုတ်ချတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခြင်းမှ ရှောင်ကြဉ်ခဲ့တာဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုးပျံပူဖောင်းကိစ္စကို အကြောင်းပြပြီး တင်းမာမှုအရှိန်မြင့်တက်အောင်လုပ်မယ်ဆိုရင် အမေရိကန်တို့ တုံ့ပြန်မှုနဲ့ပြန်ရင်ဆိုင်ရမယ်လို့ တရုတ်အစိုးရ သတိပေး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved