Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မိုးပျံပူဖောင်းကိစ္စကို အကြောင်းပြပြီး တင်းမာမှုအရှိန်မြင့်တက်အောင်လုပ်မယ်ဆိုရင် အမေရိကန်တို့ တုံ့ပြန်မှုနဲ့ပြန်ရင်ဆိုင်ရမယ်လို့ တရုတ်အစိုးရ သတိပေး

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂ဝ

အမေရိကန်နိုင်ငံအနေနဲ့ မိုးပျံပူဖောင်းကိစ္စနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်တက်လာအောင် လုပ်ဆောင်နေမယ်ဆိုရင် တုံ့ပြန်မှုတွေနဲ့ ပြန်ရင်ဆိုင်ရဖွယ်ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ် ဖော် သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျာမနီနိုင်ငံမြူးနစ်မြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန် ကြီး အန်တိုနီဘလင်ကန်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်ပိုင်နက်အတွင်းပျံသန်းခဲ့တဲ့ မိုးပျံပူဖောင်းကို ပစ်ချခဲ့ခြင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဘာမှမဖြစ်ကြောင်း၊ သို့ပေမယ့်လည်း အမေရိကန်ရဲ့အင်အားသုံးတဲ့လုပ်ရပ်က နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုဖြစ်လာစေခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကသတိပေးလိုက်ပါတယ်။ အမေရိကန်တိုက် လေယာဉ်တွေဟာ ဖေဖော်ဝါရီလအစောပိုင်းက ၎င်းတို့ပိုင်နက်အတွင်းပျံသန်းနေတဲ့ တရုတ်မိုးပျံပူဖောင်းများကို ပစ်ချခဲ့ရာ တရုတ်နဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံကိုသွား ရောက်ဖို့ စီစဉ်ထားတဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ရဲ့ခရီးစဉ်လည်း ဖျက်သိမ်းခဲ့ရကြောင်းသိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံရဲ့မိုးပျံပူဖောင်းများဟာ တရုတ်ပိုင်နက်အတွင်းကို ကြိမ်ဖန်များစွာပျံသန်းမှုတွေရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံဟာလည်း အခြားနိုင်ငံအပေါ် သူလျှိုလုပ်နေတဲ့နိုင်ငံဖြစ်ကြောင်းပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်နိုင်ငံဟာ ကျွန်တော်တို့နိုင်ငံက လွှတ်တင်လိုက်တဲ့မိုးပျံပူဖောင်းတွေကို စုံစမ်းထောက်လှမ်းဖို့လွှတ်တင်တာလို့ပြောခဲ့တယ်။ အဲဒီမိုးပျံပူဖောင်းတွေကိုလည်း ပစ်ချတာမျိုးတွေလုပ်ခဲ့တယ်။ အမေရိကန်ရဲ့အင်အားသုံးမှုတွေက နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုဆိုးရွားစေတယ်" လို့ပြောပါတယ်။

zawgyi version






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦးအပျက်အစီးများကြားထဲ (၁၂)ရက်ကြာပိတ်မိနေခဲ့ပေမယ့်အသက်ရှင်သန်ခဲ့တဲ့ တူရကီစုံတွဲ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved