ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေကို အောက်တိုဘာလအတွင်း အပြီးသတ်ရပ်တန့်အောင်လုပ်ဖို့ ရုရှားသမ္မတ ပူတင် အမိန့်ပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၆
ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေကို လာမယ့်အောက်တိုဘာလအတွင်း အဆုံးသတ်နိုင်အောင်လုပ်ဆောင်ဖို့ ရုရှားကာကွယ်ရေးဝန်ကြီးကို ညွှန်ကြားထားကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးကို ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုများအပေါ် လာမယ့်အောက်တိုဘာလ အတွင်း အပြီးသတ်ချေမှုန်းသွားဖို့ အမိန့်ပေးထားခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် think tank အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Institute of Study of War (ISW) က ဆိုပါတယ်။
အဆိုပါအဖွဲ့က "သမ္မတပူတင်ဟာ ကာကွယ်ရေးဝန်ကြီးရှိုဂူးကို ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေကို တစ်လ အတွင်း အပြီးသတ်ရပ်တန့်သွားအောင် လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း မြို့ကြီးတွေကို ထိုးစစ်ဆင်မှုတွေလည်း ပြန်လည်လုပ်ဆောင်လာနိုင်တယ်" လို့ ပြောပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ ပြီးခဲ့တဲ့ဇွန်လအစောပိုင်းမှာ ရုရှားတပ်ဖွဲ့တွေ ကို တန်ပြန်ထိုးစစ်ဆင်မှုတွေ စတင်လုပ်ဆောင်ခဲ့ပေမယ့် မျှော်လင့်သလောက် ကောင်းမွန်မှုမရှိဘဲ ကြီးမားတဲ့ဆုံး ရှုံးမှုတွေ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ယူကရိန်းဟာ ရုရှားဘက်က ဆန့်ကျင်ကန့်ကွက်မှုများရှိနေတဲ့ကြားကနေ နေတိုးအဖွဲ့ထဲ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ တာကြောင့် ရုရှားဟာ ယူကရိန်းကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ရုရှားဟာ ယူကရိန်းပိုင်နက်ဒေသ ၄ ခုကို သိမ်းပိုက်ထားပြီး အပြန်အလှန်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ် ကြောင်း သိရပါတယ်။
ယူကရိန်းဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့စစ်ရေးအကူအညီများကို ရယူပြီး ရုရှား သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်လည်ရရှိဖို့ ဇွန်လမှာ တန်ပြန်ထိုးစစ်ဆင်မှုတွေ စတင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးတစ်ဦး သင်္ဃန်းကျွန်း၊ ငမိုးရိပ်တံတားပေါ်မှ ခုန်ချမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ