နေတိုးအုပ်စုက အာဆီယံအဖွဲ့ကို ပြိုကွဲသွားအောင်လုပ်ဆောင်ဖို့ လိုလားနေကြောင်း ရုရှားအစိုးရ သတိပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၆
အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုဟာ မြန်မာ၊ ထိုင်းတို့ပါဝင်နေတဲ့ အာဆီယံအဖွဲ့ကိုပြိုကွဲစေဖို့ လိုလားနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်က သတိပေးပြောဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ အာရှ-ပစိဖိတ်ဒေသမတည်ငြိမ်စေဖို့ နဲ့ တရုတ်နိုင်ငံကို ပစ်မှတ်ထားဖို့ နေတိုးမဟာမိတ်အဖွဲ့ ကို အသုံးချနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာလက်ရှိအချိန်မှာ ရုရှားနိုင်ငံနဲ့ တိုက်ရိုက်စစ်ပွဲဖြစ်နေကြောင်း၊ မကြာသေးမီက ပြောခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ဆင်ဟွာက ကမ္ဘာကြီးမှာ မတည်ငြိမ်မှုတွေ၊ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွား နေပေမယ့် အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုကတော့ တရုတ်နိုင်ငံကို ထိန်းနိုင်ဖို့ အာရှ-ပစိဖိတ်ဒေသမှာ မတည်ငြိမ်မှုတွေဖြစ်အောင်ဖန်တီးဖို့ စီစဉ်နေကြောင်း ဖော်ပြခဲ့ဖူးပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးလာရောဗ့်က အမေရိကန် နဲ့ နေတိုးအုပ်စုတွေဟာ အာရှဒေသအတွင်း မတည်ငြိမ်မှုတွေဖြစ်စေဖို့ ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေဖြစ်စေဖို့ လုပ်ဆောင်နေကြောင်း ပြောပါတယ်။ နေတိုးအဖွဲ့ဟာ လက်ရှိအချိန်မှာ ၎င်းတို့ရဲ့တည်ရှိမှုနေရာကို တိုးချဲ့ဖို့ ကြိုးပမ်းနေပြီး ဂျပန်နိုင်ငံမှာ ရုံးခွဲတစ်ခု ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်အစိုးရဟာစစ်ရေး နဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်တို့ပူးပေါင်းပါဝင်တဲ့ AUKUS လို အဖွဲ့မျိုးတွေ၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်တို့ ပူးပေါင်း ပါဝင်တဲ့အဖွဲ့ငယ်တွေကို ဖွဲ့စည်းနေတယ်။ အဲဒီအဖွဲ့ငယ်တွေကို နေတိုးမဟာမိတ်အဖွဲ့ နဲ့ ပူးပေါင်းဖို့ လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ အာဆီယံအဖွဲ့ကို ပြိုကွဲစေဖို့အပြင် ရုရှား၊ တရုတ်တို့ကို ပစ်မှတ်ထားတဲ့ ကြိုးပမ်းမှုအစိတ်အပိုင်းတွေဖြစ်တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိတ်မနှံ့သူဟုယူဆရသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ဇေယျာသီရိမြို့၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ