နေပြည်တော်ရှိ ဝေးလံခေါင်ပါးသည့်ဒေသများမှ ပညာရေးဝန်ထမ်းများကို ဆီနှင့်ဆန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရန်စီစဥ်နေ
ယွန်း (NSS) - စက်တင်ဘာ ၂၆
နေပြည်တော်အတွင်းရှိ ဝေးလံခေါင်ပါးသည့်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများကို စားအုန်းဆီ နှင့် ဆန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရန် စီစဥ်နေကြောင်း သိရသည်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦးက စက်တင်ဘာလ(၂၅)ရက်တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်တွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းသား (၂၄)ဦးက ရက်သတ္တပတ်လျှင် ငါးရက်ကို ဆီပီပါ(၂၀၀)ခွဲတမ်းချ၍ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောသည်။
ထို့ပြင် နေပြည်တော်အတွင်းရှိ ဝေးလံခေါင်ပါးသည့်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် စားအုန်းဆီနှင့် ဆန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောထားသည်။
စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ နှင့် ရောင်းချရန် အစီအစဥ်အတိုင်း ရောင်းချမှုများကို စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ဆန်လုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် သက်သာသောနှုန်းထားဖြင့် ပြည်သူအား ဆန်များဆက်လက်ရောင်းချပေးနိုင်ရေးကိုလည်း ဦးသန်းထွန်းဦးက အသိပေးပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ ကျောက်အမှုန့်အိတ်များထားသည့်စင်ပြိုကျ၍ အလုပ်သမား(၂)ဦး ပိမိကာ တစ်ဦးသေဆုံး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း