မန္တလေး၌ ကျောက်အမှုန့်အိတ်များထားသည့်စင်ပြိုကျ၍ အလုပ်သမား(၂)ဦး ပိမိကာ တစ်ဦးသေဆုံး
Pearl (NSS) - စက်တင်ဘာ ၂၆
မန္တလေး၌ ကျောက်အမှုန့်အိတ်များစင်ပေါ်ထပ်ရာမှ စင်ပြိုကျပြီး အလုပ်သမား (၂)ဦးပိမိပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း မဏိစလ လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၆ ရက်)၊ နေ့လည် (၁၂) နာရီ အချိန်ခန့်တွင် ၊ ချမ်းမြသာစည်မြို့နယ် ၊ စစ်ကိုင်း - မန္တလေး လမ်းမပေါ်ရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဂိုထောင်အတွင်း၌ ကျောက်အမှုန်အိတ်များစင်ပေါ်ထပ်ရာမှ စင်ပြိုကျကာ အလုပ်သမား (၂)ဦး ပိမိခဲ့ပြီး တစ်ဦးသေဆုံး သွားခဲ့ကြောင်း သိရသည်။
"သူတိုက အဲဒီမှာ ကျောက်အိတ်တွေ စီနေတာ။ အလုပ်သမားက (၄/၅)ယောက်ပေါ့။ စင်က မနိုင်တော့ ပြိုကျတယ်။ နှစ်ဦးပိမိတာ တစ်ဦးဆုံးတယ်၊ တစ်ဦးခေါင်းကွဲတယ်"ဟု အထက်ပါ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် သေဆုံးသူသည် အသက် (၁၉)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေးမြို့ရှိ မြဝတီဘဏ်၌ လုံခြုံရေးယူနေသည့်အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ (၂)ဦးသေဆုံးခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း