ရေးမြို့ရှိ မြဝတီဘဏ်၌ လုံခြုံရေးယူနေသည့်အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ (၂)ဦးသေဆုံးခဲ့
မြူနစ် (NSS) - စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ ရေးမြို့ရှိ မြဝတီဘဏ်၌ လုံခြုံရေးယူနေသည့်အဖွဲ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ (၂)ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၆ ရက်)၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် ရေးမြို့လယ်ခေါင်ရှိ မြဝတီဘဏ်၌ အထက်ပါကဲ့သို ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ကိုင်အဖွဲ့သည် မြဝတီဘဏ်၌ လုံခြုံရေးယူနေသည့်အဖွဲ့ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အကြားတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မြဝတီဘဏ်မှာက ပစ်ခတ်မှုဖြစ်တယ်ဆိုတာ မှန်ပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲ့ဝင် (၂)ဦး ထိခိုက်သေဆုံးခဲ့သည်ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးကလည်း NP News ကို အတည်ပြုထားသည်။
“မြဝတီဘဏ်မှာ လုံခြုံရေးပေးနေတဲ့အဖွဲ့ကို အဝေးကနေပဲ ပစ်ခတ်တာပါ။ နှစ်ဦးတော့ ကျဆုံးသွားတယ်။ ဘဏ်ထဲကိုတော့ ဝင်ရောက်နိုင်မှု မရှိပါဘူး”ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူက ပြောသည်။
၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုအား ရေးဘီလူးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်လက်သုံးသပ်ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လတ်တလောကာလအထိ ဘဏ်အဆောက်အဦးများအပါ အဝင် ATM စက်များ ဖျက်ဆီးခံရမှုသည် (၂၆)ကြိမ်ထက်မနည်းရှိခဲ့ဖူးကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာဘက်ခြမ်းရှိ အွန်လိုင်းမှတဆင့် လိမ်လည်နေတဲ့ဂိုဏ်းတွေကို စစ်ဆေးနိုင်ဖို့ တရုတ်နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်ရောက်ဖို့ ကြိုးပမ်းမှုတွေကို BGF အဖွဲ့ ငြင်းဆန်ခဲ့ဟု ထိုင်းသတင်းဖော်ပြ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ