ကိုရီးယားနိုင်ငံမှ မြန်မာလုပ်သား သုံးသောင်းနီးပါးကို ရှေ့လတွင် ခေါ်ယူမည်
NSS - စက်တင်ဘာ ၂၆
မြန်မာနိုင်ငံမှ အစိုးရချင်းချိတ်ဆက်ကာ အလုပ်သမားများခေါ်ယူမှုအစီအစဉ်အရ ကိုရီယားနိုင်ငံဘက်မှ အလုပ်သမားတိုးမြှင့်ခေါ်ယူရန်ဆောင်ရွက်နေကြောင်းသိရသည်။
ကိုရီးယားနိုင်ငံမှ ၁၄ ကြိမ်မြောက် EPS-TOPIK စာမေးပွဲ အောင်မြင်ခဲ့သူများထဲမှ EPS လုပ်သား နှစ်သောင်းရှစ်ထောင် (၂၈၀၀၀)ကျော်ကို တတိယအသုတ်အနေဖြင့် အောက်တို ဘာလအတွင်း ခေါ်ယူသွားမည်ဟု ကိုရီးယားဆိုင်ရာ မြန်မာအလုပ်သမားရှာဖွေရေးလုပ်ငန်းများမှသိရသည်။
အဆိုပါ EPS လုပ်သား (၂၈၀၀၀)ကျော်ကို ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍများအတွက် ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
ကုန်ထုတ်လုပ်ငန်းအတွက် လုပ်သား (၂၀၉၁၉)ဦးခေါ်ယူသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက်မှ ၂၇ ရက်အထိ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအတွက် လုပ်သား (၅၆၀၉)ဦး ခေါ်ယူသွားမည်ဖြစ်ပြီးအောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းအတွက် လုပ်သား (၁၄၃၁)ဦး ခေါ်ယူသွားမည်ဖြစ်ပြီး အောက်တို ဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲကို အလုပ်သမားဝန်ကြီးဌာနမှ အလုပ်ခေါ်ယူမှုများမတိုင်မီကြိုတင်ကျင်းပပေးနေပြီး EPS စားမေးပွဲအောင်မြင်သူများကို ကိုရီးယားအလုပ်ရှင်များဘက်မှ တိုက်ရိုက်ခေါ်ယူနေခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်ရှိ ဝေးလံခေါင်ပါးသည့်ဒေသများမှ ပညာရေးဝန်ထမ်းများကို ဆီနှင့်ဆန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရန်စီစဥ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ