တောင်အာဖရိကနိုင်ငံ၌ ကျင်းပမည့် အာဆီယံ- ပရီတိုးရီးယားရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်ကား(၂)ကား ပါဝင်ပြသမည်
ယွန်း (NSS) - စက်တင်ဘာ ၂၅
တောင်အာဖရိကနိုင်ငံ၌ ကျင်းပသွားမည့် အာဆီယံ- ပရီတိုးရီးယားရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ဥပါဒါန် အပါအဝင် ရုပ်ရှင်ကား(၂)ကား ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းကျင်းပမည့် အဆိုပါ ရုပ်ရှင်ပြပွဲတွင် မြန်မာရုပ်ရှင်ကားများကို ပါဝင်ပြသရန် ပြီးခဲ့သည့် စက်တင်ဘာလ(၂၀)ရက်တွင် ဖိတ်ခေါ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖိတ်ခေါ်မှုအရ မြန်မာနိုင်ငံမှ “ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားနှင့် “၃(က)” ရုပ်ရှင်ကားများကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
“ဇာတ်ကား(၂)ကား ပြသသွားမှာပါ။ ရွေးတာမဟုတ်ပါဘူး သူတို့ပါဝင်ပြသမယ်ဆိုပြီး ဆန္ဒရှိလို့ကို ပို့ပေးလိုက်တာပါ။ ပြသဖို့ဆန္ဒရှိတဲ့သူကများရင်တော့ တစ်မျိုးပေါ့ အခုက သိပ်လည်းမရှိတော့ သူ့တို့ဟာကိုပဲယူလိုက်တာပါ။ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ပြောတယ်။ သံရုံးကလုပ်မယ့်ပွဲပေါ့။ အာဆီယံနဲ့ သံရုံးတွေနဲ့ပေါင်းပြီးတော့ ယဉ်ကျေးမှုဖလှယ်ရေးအတွက်ကို လုပ်တဲ့ရှပ်ရှင်ပွဲလေးပါ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက NSS ကို ပြောသည်။
ပါဝင်ပြသမည့်ဇာတ်ကားများသည် ဆင်ဆာခွင့်ပြုချက်ရထားပြီး ပြသချိန်(၂)နာရီထက် မကျော်လွန်သောဇာတ်ကားဖြစ်ရန်လိုအပ်ပြီး အင်္ဂလိပ် စာတန်းထိုးပါရှိရမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျီးရီးယားနိုင်ငံတွင် အကြမ်းဖက်အဖွဲ့များက လူ(၁၄)ဦးကို သတ်ဖြတ်ခဲ့ပြီး အခြားလူ(၆ဝ)ဦးကို ပြန်ပေးဆွဲခဲ့ဟု ဆို
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ