ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသတွင် မြန်မာလက်နက်ကိုင်အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားပြီး စိတ်ကြွမူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ဟု ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၅
ပြီးခဲ့သောရက်ပိုင်းတွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မယ်ဆိုင်ဒေသတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ တင်ပို့ရန် ကြိုးပမ်းသောစိတ်ကြွမူးယစ်ဆေးဝါး အလေးချိန် ၂၂၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
စက်တင်ဘာ ၂၄ ရက်က ထိုင်းနှင့် မြန်မာနယ်စပ်ဒေသကိုကင်းလှည့်ချိန်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းမှ လက်နက်ကိုင်အဖွဲ့သည် မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို တောလမ်းမှတစ်ဆင့် ဝင်ရောက်ရန်ကြိုးပမ်း ခဲ့ပြီး ၎င်းတို့ကို စစ်ဆေးရန်ရပ်တန့်ခိုင်းချိန်တွင် ညွှန်ကြားချက်ကို လက်မခံဘဲ စတင်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။
အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးတင်ပို့ရန်ကြိုးပမ်းခဲ့သော လက်နက်ကိုင်အဖွဲ့သည် မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း မြန်မာလက်နက်ကိုင်အဖွဲ့ထွက်ပြေးချိန်တွင် ၎င်းတို့ နေရာကို သွားရောက်စစ်ဆေးခဲ့ရာ Ice အလေးချိန် ၂ဝ နှင့် ၂၅ ကီလိုဂရမ် ပါဝင်သော စိတ်ကြွမူးယစ်ဆေးဝါး အထုတ် ၉ ထုတ်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါးတင်ပို့ရန် ကြိုးပမ်းသောအဖွဲ့သည် ရှမ်းပြည်နယ်တွင်အခြေစိုက်ထားသော ဝ (သို့မဟုတ်) ရှမ်း လက်နက်ကိုင်အဖွဲ့ဖြစ်ဖွယ်ရှိနေကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ယုံကြည်နေသည်။ အဆိုပါလက်နက်ကိုင် အဖွဲ့သည် မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မြောက်ပိုင်း ဓါတ်ခွဲခန်းတွင် ထုတ်လုပ်ပြီးနောက် တာချီလိတ်မြို့ကို ထပ်မံပို့ဆောင်ခဲ့ကာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့တင်ပို့ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ- တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများကို Passport ဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့် မကြာမီခွင့်ပြုမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း