တရုတ်နိုင်ငံ နဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို လက်ရှိထက် ပိုမိုလုပ်ဆောင်လိုကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၄
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ တရုတ်နိုင်ငံနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ ဆက်ဆံရေးကို လက်ရှိထက် ပိုမိုကောင်းမွန်တဲ့အဆင့်အတန်းမျိုးရောက်ရှိအောင် လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေ ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်မှု နှစ်ပတ်လည်နေ့အထိမ်းမှတ်အဖြစ် သဝဏ်လွှာပေးပို့ခဲ့ပြီးနောက် ကင်ဂျုံအမ်က ရှီကျင့်ဖျင့်ထံ စာပြန်ပေးပို့ခဲ့ချိန်မှာ အခုလိုမျိုးထည့်သွင်းထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ ဆက်ဆံရေးတင်းမာမှုတွေ ရှိလာခဲ့ပြီးနောက် ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်း လာနေရာ မကြာသေးမီက ရုရှားနိုင်ငံကို ကိုယ်တိုင်သွားရောက်ခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က "ခေတ်သစ်လိုအပ်ချက်အရ နဲ့ နှစ်နိုင်ငံစလုံးရဲ့ပြည်သူတွေ လိုအပ်ချက်အရ တရုတ် နဲ့ မြောက်ကိုရီးယားနိုင်ငံကြား မဟာဗျူဟာမြောက်ဆက်ဆံရေးနဲ့ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှု တွေ လက်ရှိထက် ပိုမိုတည်ငြိမ်ကောင်းမွန်အောင်လုပ်ဆောင်ရတော့မှာဖြစ်တယ်" လို့ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး စစ်ရေး လေ့ကျင့်ခန်းတွေကို အမြဲတမ်း ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ အမေရိကန် နဲ့ တောင်ကိုရီးယားတို့ တင်းမာမှုတွေဖြစ်လာခဲ့ပြီးနောက် ဒုံးကျည်စမ်းသပ်မှုတွေကို ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံကို သွားရောက်ချိန်အတွင်း ရုရှာစစ်လက်နက်ပစ္စည်းများကို အဓိကထား သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်းကင်းမြို့နယ်တွင် တောင်ယာလုပ်ကိုင်နေသည့် ဒေသခံတစ်ဦးအားသတ်ဖြတ်၍ အခြား (၂)ဦးနှင့် နွား(၆)ကောင်အား PDF အဖွဲ့မှ ဖမ်းဆီးယူဆောင်သွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ