မင်းကင်းမြို့နယ်တွင် တောင်ယာလုပ်ကိုင်နေသည့် ဒေသခံတစ်ဦးအားသတ်ဖြတ်၍ အခြား (၂)ဦးနှင့် နွား(၆)ကောင်အား PDF အဖွဲ့မှ ဖမ်းဆီးယူဆောင်သွား
NSS - စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ယာခင်းအတွင်း တောင်ယာလုပ်ကိုင်နေသည့် အမျိုး သား(၃)ဦးအနက် (၁)ဦးအား PDF အဖွဲ့မှ ဓားများဖြင့်ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (စက်တင်ဘာလ ၂၁ရက်)၊ နံနက် ၉နာရီအချိန်တွင် မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာတောင်ဘက်(၁)မိုင်ခန့်အကွာရှိ ယာခင်းအတွင်းဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါယာခင်းအတွင်း ကိုမောင်စိုး(၁၉)နှစ်၊ ကိုအောင်မျိုးထွန်း(၂၅)နှစ် နှင့် ကိုထွေးမင်းဇော်(၂၅)နှစ်တို့ (၃)ဦးသည် တောင်ယာလုပ်ငန်းများ လုပ်ကိုင်နေစဉ် PDF အဖွဲ့ အင်အား (၅၀)ခန့်က လက်နက်များကိုင်ကာရောက်ရှိလာပြီး ကိုအောင်မျိုးထွန်းအား ဓားများဖြင့် ဝိုင်း ဝန်း ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကိုထွေးမင်းဇော်နှင့် ကိုမောင်စိုးတို့(၂)ဦးအား ၎င်းတို့စိုက်ပျိုးထွန်ယက်နေသည့် နွား(၆)ကောင်နှင့်အတူ သင်တောကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆက်လက် ထုတ်ပြန်ထားသည်။
ထိုသို့ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ကိုအောင်မျိုးထွန်းတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၃)ချက်၊ လည်ပင်းလှီးဖြတ်ဒဏ်ရာ(၁)ချက်နှင့် ဝဲလက်ခလယ်ကျိုးဒဏ်ရာ (၁)ချက်တို့ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်စပါးအသင်းချုပ်က ဆန်စပါး သီးနှံအာမခံစနစ် နှင့် ဈေးကစားခြင်းထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း