ရန်ကုန် နှင့် ပဲခူးတို့တွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
ယွန်း (NSS) - စက်တင်ဘာ ၂၄
ရန်ကုန် နှင့် ပဲခူးတို့တွင် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါငလျင်သည် စက်တင်ဘာလ(၂၃)ရက်၊ ည(၈)နာရီ (၅၄)မိနစ်အချိန်ခန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်ကွာဝေးသော ပဲခူးမြို့၏ အနောက် တောင်ဘက် (၁၂) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၇ ဒသမ ၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၆ ဒသမ ၃၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်ကို အဓိကအားဖြင့် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ကမာရွတ်၊ လှိုင်၊ ဗိုလ်တထောင် ၊ မရမ်းကုန်း ၊ အင်းစိန်၊ ရွှေပြည်သာ နှင့် ထောက်ကြံ့မြို့နယ်များ အပါအဝင် ရန်ကုန်ရှိမြို့နယ်အများအပြား နှင့် ပဲခူးမြို့တို့တွင် သိသာစွာခံစားခဲ့ရကြောင်း သိရသည်။
“အင်အားကတော့ (၅ ဒသမ ၁)ပေါ့။ အဓိကကတော့ ရန်ကုန်နဲ့ ပဲခူးကိုလှုပ်သွားတာ။ အခုထိတော့ အပျက်အစီးသတင်းမကြားရသေးဘူး။ ရန်ကုန်တိုင်းထဲက မြို့နယ်တချို့ရယ်၊ ပဲခူးရယ်ပေါ့။ အခြားအဖျားခတ်သွားတာတွေဘာတွေလည်း မကြားမိသေးဘူး” ဟု ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဥ်မျိုးမင်းထွေးက NSS ကိုပြောသည်။
အဆိုပါ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၂)လမ်းနှင့် စံပြ(၃)လမ်းရှိ အထပ်မြင့်တိုက်နှစ်လုံး တိမ်းစောင်းမှုများရှိခဲ့ပြီး ပဲခူးမြို့ရှိ ဘုန်ကြီးကျောင်းတစ်ခုတွင်လည်း ပျက်စီးမှုအနည်းငယ်စီရှိခဲ့သည်။
“ငလျင်ကတော့ ကြိုပြီးတော့ပြောလို့မရဘူး။ အချိန်မရွေးဖြစ်ပေါ်နိုင်တဲ့သဘာဝဘေးတစ်မျိုးဖြစ်တယ်။ ဒါကြောင့် ငလျင်လှုပ်ရှားမှုကို မကြာခဏတွေ့ ကြုံရတဲ့ဒေသ ငလျင်လှုပ်ရှားမှုဖြစ်ပေါ်တဲ့ ပြတ်ရွေ့တွေရှိတဲ့ဒေသတွေမှာ ကြိုတင်ပြီးတော့ ပြင်ဆင်မှုတွေလုပ်ထားရမယ်။ အချိန်မရွေးလှုပ်ခတ်နိုင်တယ်ဆိုပေမယ့်တွေးကြောက်နေဖို့မလိုပါဘူး။ ကြိုတင်ပြင် ဆင်ထားတာက အကောင်းဆုံးပါပဲ” ဟု ဒေါက်တာယဥ်မျိုးမင်းထွေးက အကြံပြုပြောကြားထားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ ရေလှောင်တမံများနှင့် ဆက်စပ်အ ဆောက်အအုံများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ညတွင်းချင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ် ဆောင်စဉ် လမ်းခုလတ်၌ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ