ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ် ဆောင်စဉ် လမ်းခုလတ်၌ ဖမ်းဆီးရမိ
Pearl (NSS) – စက်တင်ဘာ ၂၄
ကျပ်သိန်း (၆၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ် ဆောင်စဉ် လမ်းခုလတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
အဆိုပါဘိန်းဖြူများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အဆိုပါကျေးရွာအနီးတွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ ခွန်တင်ထွန်း(ခ)ခွန်ဧပရယ်မောင်းနှင်ပြီး ခွန်စိုးထိုက် လိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံး၊ အလေးချိန် ၄၀ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူ ဘလောက်တုံးများအား ရှမ်းပြည်နယ်မှ ကရင်ပြည် နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ နဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို လက်ရှိထက် ပိုမိုလုပ်ဆောင်လိုကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း