အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများက အခွင့်အလမ်းသစ်များကို ဖန်တီးပေးခဲ့ကြောင်း ရုရှားသမ္မတထုတ်ဖော်ပြောဆို
Pika (NSS) - စက်တင်ဘာ ၂၃
ရုရှားနိုင်ငံသည် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ဖိအားများကို ခံနိုင်ရည်ရှိလာပြီး စီးပွားရေးပိုင်းတွင် ပိုမိုအားကောင်းလာအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သမ္မတပူတင်ကထုတ်ဖော်ပြောဆိုခဲ့သည်။
ခရိုင်းမီးယားကျွန်းဆွယ်တွင်ဖြစ်ပွားခဲ့သော ကိစ္စများနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသည် ၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို စတင်ချမှတ်ခဲ့ကြောင်းသိရသည်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားဒေသသည် လူထုဆန္ဒခံယူပွဲများလုပ်ဆောင်ကာ ရုရှားနိုင်ငံနှင့်ပူးပေါင်းခဲ့ကြောင်းသိရသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် အနောက်အုပ်စုနိုင်ငံများသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ပိုမိုချမှတ်လာခဲ့ကြောင်းသိရသည်။
သမ္မတပူတင်က "၂၀၁၄ ခုနှစ်နဲ့ ၂၀၂၂ခုနှစ်တို့မှာ ချမှတ်ခဲ့တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ ရုရှားကို လှုံ့ဆော်ပေးသလိုဖြစ်ခဲ့ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နှောင့်နှေးစေခဲ့ပေမယ့် အခွင့်အလမ်းအသစ်တွေလည်း အများကြီးပေါ်လာခဲ့ပါတယ်။"ဟု ပြောဆိုခဲ့သည်။
ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှား၏ GDP သည် ယူကရိန်းနှင့်ပဋိပက္ခမတိုင်မီ ရှိခဲ့သော အဆင့်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်းဆုံးအခြေအနေများကို ဖန်တီးရန် အရေးကြီးကြောင်း ပူတင်က ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ရုရှားအစိုးရသည် နိုင်ငံတွင်းစီးပွားရေးအတွက် အပြု သဘောဆောင်သော အလားအလာများကို ဆက်လက်ထိန်းသိမ်းထားပြီး ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို ကျော်တက်နိုင်လိမ့်မည်ဟု ခန့်မှန်ထားကြောင်း ရုရှားဝန်ကြီးချုပ်မီခေးလ်မီရှုစတင်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒိန်းမတ်နိုင်ငံမှ ယူကရိန်းသို့ ကူညီထောက်ပံ့ပေးခဲ့သော တင့်ကားအများစုမှာ ချို့ယွင်းချက်များရှိနေဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ