ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် အများသတ်မှတ်သကဲ့သို့ သူဋ္ဌေးပါတီ မဟုတ်သော်လည်း စီးပွားရေးလုပ်ငန်းရှင်အများစုပါဝင်ဟု ယာယီဥက္ကဋ္ဌပြော
မျိုးကြီး (NSS) - စက်တင်ဘာ ၂၃
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် အများသတ်မှတ်သကဲ့သို့ သူဋ္ဌေးပါတီ မဟုတ်သော်လည်း စီးပွားရေးလုပ်ငန်းရှင်အများစုပါဝင်ကြောင်း ပါတီယာယီဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက ပြောသည်။
ဦးမြင့်မောင်ထွန်းက ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ လသာလမ်း၌ ကျင်းပသည့် ပြည်သူ့ရှေ့ဆောင်ပါတီဌာနချုပ်ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် ရွှေနန်းတော်ရတနာရွှေဆိုင်ပိုင်ရှင် ဒေါက်တာသက်သက်ခိုင် ဦးဆောင်ကာ တည်ထောင်ခဲ့သော ပါတီအဖြစ် လူသိများသော ပါတီတစ်ခုဖြစ်သည်။
“ကျွန်တော်တို့ပါတီဟာ အများက သတ်မှတ်သလို သူဋ္ဌေးပါတီတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ စီးပွားရေးလုပ်ငန်းရှင်တွေအများစု ပါပါတယ်။ အဲဒီလို ပါဝင်တဲ့အတွက်ကြောင့်မိုလို့ တတ်နိုင်သမျှ ပါတီပေါ်မှာ တတ်နိုင်သူတွေက ကူညီတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလိုဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု PPP ပါတီယာယီဥက္ကဋ္ဌဦးမြင့်မောင်ထွန်းက ပြောသည်။
ထို့ပြင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဘဏ္ဍာရေးကော်မတီအနေဖြင့် မကြာခင်ကာလအတွင်း၌ ဘဏ္ဍာငွေရှာဖွေရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြော သည်။
“ကျွန်တော်တို့ ပါတီရဲ့ ရန်ပုံငွေနဲ့ပတ်သက်လို့ သုညနဲ့ စခဲ့တဲ့ပါတီဖြစ်ပါတယ်။ ဘာအခွင့်အရေးမှလည်း ကျွန်တော်တို့ မရခဲ့ပါဘူး။ စီးပွားရေးတွေလည်း လုပ်သာတဲ့အခွင့်ကောင်းတွေလည်း မရှိသေးပါဘူး။ သို့သော်လည်းပဲ ကြိုးစားနေပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ နောက်တစ်ခါ ပါတီဘဏ္ဍာရေးကော်မတီဟာလည်း ဒီကိစ္စကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီးတော့ မကြာခင်ကာလအတွင်းမှာ ကျွန်တော်တို့ ဘဏ္ဍာငွေရှာဖွေရေးကိစ္စတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်” ယာယီဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ပါတီဝင်များ၏ အခက်အခဲများကို တတ်နိုင်သမျှ ဆောင်ရွက်ပေးမည်ဖြစ်သော်လည်း PPP ပါတီအား အများသတ်မှတ်ထားသကဲ့သို့ သူဋ္ဌေးပါတီအဖြစ် မထင်စေလိုကြောင်းလည်း ယာယီဥက္ကဋ္ဌဦးမြင့်မောင်ထွန်းက ဆက်လက်ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် လက်ရှိနစကလက်ထက်၌ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကို ထောက်ခံအားပေးခဲ့တဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလက်ရှိ မထောက်ခံသေးဘူးဆိုရင်လည်း လေ့လာနေဆဲပြည်သူတွေကို လေ့လာပြီးတော့မှ ကျွန်တော်တို့အပေါ်မှာ တကယ်ကို နားလည်မှုရှိရှိနဲ့ ယုံကြည်အားကိုးထောက်ခံစေချင်ပါတယ်။ မလေ့လာဖြစ်သေးတဲ့ ပြည်သူတွေကိုလည်း လေ့လာပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု PPP ပါတီမှ အထွေထွေအတွင်းရေးမှူးဒေါက်တာမျိုးဆက်သွေးက NSS ကို ပြောသည်။
၎င်းပါတီသည် လက်ရှိတွင် ပါတီဝင်ဦးရေပေါင်း တစ်သိန်းကျော်ရှိပြီး မြို့နယ်ပေါင်း (၁၇၀)ထက်မနည်းတွင်လည်း ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောခေါင်းတစ်ဦးအား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ