တောခေါင်းတစ်ဦးအား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
Pearl (NSS) - စက်တင်ဘာ ၂၃
သစ်တောဦးစီးဌာန၊ တောခေါင်းတစ်ဦးအား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၂ရက်)၊ နံနက် (၈)နာရီ အချိန်ခန့်တွင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ၊ ထန်းပင်ကုန်းကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအနီးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ တောခေါင်းဖြစ်သူ ဦးအုန်းလှိုင်အား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ် ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်းထံမှ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကျပ် (၃)သိန်းနီးပါးကို အကြမ်းဖက်အဖွဲ့မှလုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးအုန်းလှိုင်အား မြေအောက်ပျောက်ကျားတပ်ဖွဲ့ - အုတ်ဖိုမှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ (စက်တင်ဘာလ ၂၂ ရက်)တွင် ၎င်းတို့မှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ Happy Water များ နောင်ချိုမြို့နယ်၌ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း