မြဝတီနယ်စပ်မှ ထိုင်းသို့ မြန်မာ MOU လုပ်သား (၄၀၀)ကျော် စေလွှတ်
NSS - စက်တင်ဘာ ၂၃
ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့် ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ (၈)ခုမှ လုပ်သား(၄၅၂)ဦးအား ယမန်နေ့ (စက်တင်ဘာလ ၂၂)ရက်တွင် မြဝတီ-မဲဆောက်ချစ်ကြည်ရေးအမှတ်(၂) တံတားမှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ စေလွှတ်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ MoU လုပ်သားများအား စေလွှတ်ပို့ဆောင်ပေးခဲ့သည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင် အေဂျင်စီများတင် Grand Asia Force အေဂျင်စီ၊ Pyae Wa San အေဂျင်စီ၊ ရွှေမြန်မာအောင် အေဂျင်စီ၊ Royal Four Sea အေဂျင်စီ၊ မြင့်မိုရ်ချမ်းသာ အေဂျင်စီ၊ Gold Silver Diamond အေဂျင်စီ၊ ပြည့်ပိုင်မှူး အေဂျင်စီ နှင့် ရွှေလာဘ်ပွင့် အေဂျင်စီတို့ပါဝင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် တရားဝင် အလုပ်သမားပိုဆောင်ခွင့်ရရှိထားသော အေဂျင်စီ ၁၅၁ ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအချက်အ လက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် အများသတ်မှတ်သကဲ့သို့ သူဋ္ဌေးပါတီ မဟုတ်သော်လည်း စီးပွားရေးလုပ်ငန်းရှင်အများစုပါဝင်ဟု ယာယီဥက္ကဋ္ဌပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ