(၃)နှစ်ကြာရပ်နားထားခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ပြန်လည်ကျင်းပမည်
ယွန်း (NSS) - စက်တင်ဘာ ၂၃
(၃)နှစ်ကြာရပ်နားထားခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ရိုးရာအစဥ်အလာမပျောက်ပျက်စေရန်အတွက် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာလ(၂၁)ရက်မှ (၂၇)ရက်အထိ (၇)ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နည်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ပြီးခဲ့သည့် (၂၀၁၉)ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်(၂၀၂၃)တွင် ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
“၂၀၁၉ က နောက်ဆုံးလုပ်ခဲ့တာပါ။ နောက်ပိုင်းမှာက ကိုဗစ်(၁၉)တွေ၊ နိုင်ငံရေးတွေနဲ့ဆိုတော့ မကျင်းပဖြစ်ခဲ့ဘူး။ ဒီနှစ်မှာတော့ အစိုးရကနေ ပြန်လည်ပြီး ကျင်းပမယ်ဆိုတော့ အားလုံးက ပြန်လည်ပြီး လုပ်ကိုင်ဆောင်ရွက်ကြတာပေါ့”ဟု ရှမ်းပြည်နည်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မီးပုံပျံပွဲတော်ကို ပြန်လည်ကျင်းပရခြင်းသည် ရိုးရာအစဥ်အလာများမပျောက်ပျက်စေရေးနှင့် တိုင်းရင်း သားလူမှုစီးပွားရေးများကို ပြန်လည်မြှင့်တင်စေရေးအပြင် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများကိုဖော်ဆောင်မြှင့်တင်နိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ပွဲတော်၌ နေ့ပိုင်းတွင် ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်းနှင့် အရုပ်အုပ်စုမီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်ပြီး ညပိုင်းတွင် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံပျံများကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
မီးပုံးပျံပွဲတော်တွင် ပါဝင်မည့် စုစုပေါင်းမီးပုံးပျံအရေအတွက်ကို နိုဝင်ဘာလ(၂၁)ရက်မတိုင်မီ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်မှာ ၂ဝဝ၉ ခုနှစ်နောက်ပိုင်း မွေးဖွားသူတွေကို စီးကရက်သောက်ခြင်း တားမြစ်သွားဖို့ ဝန်ကြီးချုပ်စဉ်းစားနေ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ