မြို့နယ်အလိုက် စာမတတ်သူဦးရေစာရင်းကို မြို့နယ်ထွေအုပ်နှင့်ပူးပေါင်းပြီး စီမံချက်အကြိုစာရင်းကောက်ယူမည်
ယွန်း (NSS) - စက်တင်ဘာ ၂၃
မြို့နယ်အလိုက် စာမတတ်သူဦးရေစာရင်းကို စီမံချက်အကြိုစာရင်းကောက်ယူပြီး ဝန်ကြီးဌာနသို့ တင်ပြရန် ပညာရေးဝန်ကြီးက အသိပေးပြောကြားထားသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက စက်တင်ဘာလ(၂၂)ရက်တွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာနက ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေး လုပ်ငန်းစဥ်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြို့နယ်အလိုက် စာမတတ်သူဦးရေစာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ စီမံချက်အကြိုစာရင်းကောက်ယူအတည်ပြုပြီး ပညာရေးဝန်ကြီးဌာနသို့ တင်ပြရန် ပြည် ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်မှသာ မြို့နယ်အလိုက်၊ ရပ်ကွက်ကျေးရွာအလိုက်ဖွင့်လှစ်ရမည့် စာသင်ဝိုင်းအရေ အတွက် နှင့် သင်ကြားရမည့် ဆရာအရေအတွက်ကို သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် အဆိုပါအမျိုးသားရေးလုပ်ငန်းတာဝန်ကို အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဒေါက်တာညွန့်ဖေက အသိပေးပြောသည်။
ယခုနှစ်(၂၀၂၃ ခုနှစ်)တွင် Grade-12 စာမေးပွဲကို စတင်ကျင်းပမည်ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများအနေဖြင့် စာမေးပွဲစည်းကမ်းများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ဝေသည့် မေးခွန်းပုံစံစာအုပ်များကို ကျောင်းများသို့ အချိန်မီရောက်အောင်ပေးပို့ရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းအရ နိုင်ငံအတွင်း၌ အသက် (၁၅)နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် (၄ ဒသမ ၁)သန်းခန့်ရှိကြောင်းထုတ်ပြန်ထားပြီး ပြည်နယ်နှင့်တိုင်းအသီးသီး၌ စာမတတ် မြောက်သော အမျိုးသမီးရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားနေကြောင်းကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ဒုတပ်ချုပ်က အသိပေးပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လစ်လပ်နေသည့် အငယ်တန်းစားရေး ရာထူးအတွက် ဝန်ထမ်း (၁၀၀)ကျော်ခေါ်ယူ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း