TikTok မှာ ဝက်သားစားတဲ့ ရုပ်သံဖိုင်တင်မိခဲ့လို့ အင်ဒိုနီးရှားအမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၂
အင်ဒိုနီးရှားတရားရုံးဟာ လူမှုကွန်ရက်မှာလူသိများတဲ့ influencer တစ်ဦးကို TikTok မှာ ဝက်သားစားတဲ့ ရုပ်သံဖိုင်တင်ခဲ့တာနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ အမျိုးသမီးရဲ့ TikTok မှာ တင်ခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ ဝက်သားမစားခင် မွတ်စလင်ဘာသာရေး ဆုတောင်းတာမျိုးတွေလည်း လုပ်ခဲ့သေးကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Palembang ဒေသတရားရုံးက "လီနာ လက်ဖီယာဝါတီဟာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လူတွေကြားမှာ အမုန်းတရားတွေဖြစ်အောင် သတင်းအမှား တွေပေးခဲ့တယ်ဆိုတာက အပြစ်တွေ့ရှိခဲ့တယ်။ အဲဒါကြောင့် သူကို ဒဏ်ငွေ အင်ဒိုနီးရှားရူးပီး သန်း ၂၅ဝ နဲ့ ထောင်ဒဏ် သုံးလ ကနဦး ဒဏ်ရိုက်ခဲ့တယ်။ ငွေဒဏ်ပေးဆောင်နိုင်မှုမရှိဘူးဆိုရင် ထောင်ဒဏ် ထပ်မံကျခံရမှာပါ" လို့ ပြောပါတယ်။
အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဖြစ်တဲ့ လက်ဖီယာဝါတီက "ကျွန်မဟာ အမှားလုပ်ခဲ့မှန်းသိပါတယ်။ ဒါပေမယ့် ဒီလိုမျိုးပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ မမျှော်လင့်ထားဘူး" လို့ ပြောပါတယ်။
အဆိုပါရုပ်သံဖိုင်ဟာ အင်ဒိုနီးရှားနိုင်ငံရှိ ကွန်ဆာဗေးတစ်အုပ်စုများကြား ဝေဖန်ပြစ်တင်မှု ပြင်းထန်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ထိပ်တန်းဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူက အဆိုပါအမျိုးသမီးလုပ်ရပ်က စော်ကားတဲ့ အပြုအမူလုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ အဆိုပါအမျိုးသမီးကို နိုင်ငံကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ပုဒ်မနဲ့ စွဲချက်တင်ကာ ဖမ်းဆီးခဲ့ပြီး တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အင်ဒိုနိးရှားနိုင်ငံဟာ ကမ္ဘာပေါ်ရှိ နိုင်ငံတွေထဲမှာ မွတ်စလင်အများဆုံးနေထိုင်နေတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ ၂၃၁ သန်းက မွတ်စလင်တွေဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်မှ သယ်ဆောင်ထားသည့် ကျပ်သိန်း(၇ဝဝဝ)ကျော်တန် စိတ်ကြွရူးသွပ်ဆေးများကို ရန်ကုန်မြို့၌ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ