ရှမ်းပြည်နယ်မှ သယ်ဆောင်ထားသည့် ကျပ်သိန်း(၇ဝဝဝ)ကျော်တန် စိတ်ကြွရူးသွပ်ဆေးများကို ရန်ကုန်မြို့၌ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - စက်တင်ဘာ ၂၂
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း(၇၂ဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်၊ ညနေ ၆ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ ခရေပင်ရိပ်မွန်လမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါလမ်းတွင် ဇော်မင်းထွန်း(ခ)ကိုနေ၊ သန့်ဇင်ဦး၊ ဇော်လွင်၊ ကျင်သိန်း(ခ)မောင်စိုးနှင့် အန်တောနိုတို့(၅)ဦးအား Saloon ကားတစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ သန့်ဇင်ဦး နေထိုင်သည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၂ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၇၂ဝဝ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇ ဒသမ ၂) သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောင် ၎င်းတို့(၅)ဦးအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံက ထိန်းသိမ်းထားသည့် ဗီယက်နမ်နိုင်ငံ အလံတင်သင်္ဘောကို ထုခွဲရောင်းချသွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း