Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပိုင်နက်နယ်မြေကို တစ်လက်မမှ အဆုံးရှုံးခံမှာမဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ထုတ်ဖော်ပြောဆို

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၈

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ပိုင်နက်နယ်မြေကို တစ်လက်မမှ အဆုံးရှုံးခံမှာမဟုတ်ကြောင်း သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေရှိနေခဲ့ပြီး တင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေချိန်မှာဖိလစ်ပိုင်သမ္မတက အခုလိုမျိုးထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

သမ္မတ မာကိုစ့်က "ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိအချိန်မှာ နိုင်ငံတည်ငြိမ်ရေး၊ လုံခြုံရေးတို့ကို ခြိမ်းခြောက်မှုတွေအပြင် ငြိမ်းချမ်းရေးစံနှုန်းတွေနဲ့မကိုက်ညီတဲ့ ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေနဲ့ရင်ဆိုင်နေရတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ပိုင်နက်နယ်မြေတွေကို တစ်လက်မမှ အဆုံးအရှုံးခံမှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ နိုင်ငံတကာဥပဒေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေများနဲ့အညီ နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နက်တွေကို ထိန်းသိမ်းနိုင်အောင်ဆက်လက်လုပ်ဆောင်သွားမှာပါ။ ပြည်သူတွေ ဘေးကင်းလုံခြုံမှုတွေရှိစေဖို့ အိမ်နီးချင်းနိုင်ငံများနဲ့အတူ ပူပေါင်းဆောင်ရွက်မှုတွေလုပ်သွားမှာပါ"လို့ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးကတော့ တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနကတော့ ၎င်းတို့ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ ဥပဒေများနဲ့အညီလုပ်ဆောင်လျက်ရှိနေကြောင်းဆိုပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်ငါးဖမ်းသမားတွေ နဲ့ ဖိလစ်ပိုင်ကမ်း ခြေစောင့်တပ်ဖွဲ့များအပေါ် တရုတ်နိုင်ငံရဲ့အနှောက်ယှက်ပေးတဲ့လုပ်ရပ်များတိုးလာမှုအပေါ် စိုးရိမ်မှုဖြစ်ရတယ်လို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ တရုတ်သံအမတ်ကြီးကိုဆင့်ခေါ်ကာ ဖိလစ်ပိုင်သမ္မတက ပြောဆိုခဲ့ကြောင်းသိရပါတယ်။

တရုတ်နိုင်ငံကို ဖိလစ်ပိုင်သမ္မတ မာကိုစ့် သွားရောက်ခဲ့ပြီးနောက် တစ်လကျော်အကြာမှာ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်တပ်ဖွဲ့တွေက ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့တွေအပေါ် အနှောက်ယှက်ပေးမှုမြင့်တက်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

zawgyi version









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှား-မြန်မာဆက်ဆံရေးမှာ အမြင့်သို့ တက်လှမ်းလျက်ရှိနေဟု ရုရှားသမ္မတ ပူတင်ဆို၊ ရုရှားမှာ ယုံကြည်အားထားရသော မိတ်ဖက်နိုင်ငံဟု တပ်ချုပ်ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved